Tuesday, April 30, 2013

ကိုရဲမင်းဦး လွတ်မြောက်ရေးဆုတောင်းပွဲ

ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၅၃ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)မှ အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦး ပြန်လည်လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အောင်မြေ၌် ၂၀၁၃ခုနှစ် ဧပြီလ ၃၀ရက်နေ့ ညနေ ၆း၀၀ အချိန်တွင် သံဃာတော်များ၊ ကျောင်းသားများ စုဝေးပြုလုပ်ခဲ့ပါသည်။ ဆုတောင်းပွဲကို ကိုရဲမင်းဦး ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲ စာရွက်များကိုင်ဆောင်၍ ရွှေတိဂုံဘုရားအား လက်ယာရစ် လှည့်လည်ဆန္ဒပြခဲ့ပြီး အောင်မြေ၌ မောရသုတ် ရွတ်ဆို၍ ဆီမီး ထွန်းညှိဆုတောင်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆုတောင်းပွဲသို့ အစိုးရ အာဏာပိုင်(SB)များမှ သံဃာတော်များ ခေါ်ဆောင်လာ၍ တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။