Friday, November 25, 2011

လက်နဲ့ဖြန့်ခံထား

နေတက် ရေတက်ချိန်လေးမှာ
ဒူးထောက်လက်မှိုင်ချ
သူဟာ...
သီးသန့်ဖြစ်သူတစ်ဦး မျှော်လင့်ချက်မဲ့
အစဉ်မပြေမှုတို့ သိပ်များတယ်
တကယ်ဆို အရှုံးကြီးရှုံးနေခဲ့
ကံဆိုးခြင်းများစွာက ငါ့ခေါင်းပေါ်

မိန်းကလေး...........စိတ်မပျက်ပါနဲ့ ရှိသေးတယ်
ကမ္ဘာကြီးဟာတည်နေသ၍
တနေ့နေ့.............အနားရောက်လာမယ်
မိန်းကလေး ဝမ်းမနည်းပါနဲ့
ရှိသေးတယ် မှီသေးတယ် ခဏလေးပဲ....... ဆုံဦးမယ်

မိတ်ဟောင်းဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန်ကျေးဇူးရှိသူများ အလိုရှိသည်။

ဟန်ဆောင်ကောင်းတဲ့ တံဆိပ်များနဲ့
အံဖတ်အဖြစ် ဝေါ့အံချ
နင်လက်နဲ့ ဖြန်ခံထား စိတ်ကောင်းထား

အလှည့်ကျလို့ ရောက်ရှိတော့မယ်
ကိုယ်ပိုင်နံပါတ်များ
အနိမ့်အမြင့် အတက်အကျက
ဘဝအတွက်ပိုပြီး ကိုင်တွယ်မရပါ
ရိုက်ခတ်မှုအရေး
အသွင်ပြောင်းရင်း လှပစေသော မနက်ခင်းမှာ........။

BIG BAG နှင့် လေးဖြူ

5 comments:

  1. မရောက်လည်း ကြာပြီမို့ ရောက်အောင်လာပြီး စာဖတ်သွားပါတယ်။ လင့်ခ်လည်း ချိတ်ထားပါတယ်။

    ReplyDelete
  2. chord လေးပါ ပါရင် ပိုကောင်းမယ်
    အဲ့ဒီ သီချင်းက မိုက်တယ် ....။

    ReplyDelete
  3. ကိုချမ်း

    ကောင်းလှချည်းလား. အချိန်ရရင် ရသလို စာပြန်ရေးပါဦး။

    ReplyDelete
  4.း) ဂီတာခေါက်နေတာလားး) ပျောက်နေတယ်အစ်ကို

    ReplyDelete
  5. မင်္ဂလာရှိပေစွ အကိုချမ်း။ ဟန်ထူးလွင် သီချင်းအသစ်တွေ အကုန်လန်းတယ်နော်အကို။ နောက် လင်းလင်း သီချင်းတွေလည်း ရေပန်းစားနေတယ်။

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။