Friday, December 25, 2009

2009 ကို ဖြတ်သန်းခြင်း

2009 ဖြတ်သန်းခဲ့တာ ဘယ်လိုသိနိုင်သလဲ............

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်နေမိမယ်။

၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။

၃။ မိသားစု သုံးယောက်ထဲတင် ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ ခုရှိနေမယ်။

၎။ ခုံချင်းကပ်ရက် အလုပ်လုပ်နေသူကို ပြောစရာရှိနေရင်တောင် အီးမေးလ်ပို့တယ်။

၅။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ဝယ်လာတဲ့ ပစ္စည်းလာသယ်ဖို့ မိုဘိုင်းနဲ့ လှမ်းခေါ်မယ်။

၆။ တီဗီက ကြော်ငြာတွေက ဝက်ဆိုဒ်လိပ်စာနဲ့ အွန်လိုင်းကပဲ ဈေးဝယ်နေလိမ့်မယ်။

၇။ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ Face Book လို Virtual World တွေမှာပဲ လက်ခံတွေမယ်။


၈။ သင့်ရဲ့ လွန်ခဲ့သော ၁၀နှစ်၊ အနှစ် ၂၀ လောက်က သင်နဲ့ အတူမရှိခဲ့ဘူးတဲ့ ဟန်ဖုန်း အိမ်က အထွက်မှာ ပါမလာတာနဲ့ပဲ သင်ဟာ ထိတ်လှန့်သွားပြီး နောက်ပြန်လှည့် အမြန်ယူတော့တာပဲ။

၁၀။ အိပ်ယာကထတာနဲ့ ဘာမှ မစားနိုင်သေးပဲ အွန်လိုင်းတက်မယ်။

၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။

၁၂။ ဒါကို ဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။

၁၃။ နောက်ပြီး သင်ဒီမက်ဆေ့ခ်ျကို ဘယ်သူတွေကို Forward လုပ်ရမလဲ စဉ်းစားနေပြီ။

၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ကိုး မပါတာတောင် မသိလိုက်ဘူး။

၁၅။ အမယ်.....နံပါတ်ကိုး တကယ်မပါဘူးလားဆိုပြီး အပေါ်က စာကြောင်းကို ပြန်ဖတ်နေတယ်။

.........................အဲဒါကြောင့် ပြောပါတယ်။ သင် ၂၀၀၉ ထဲရောက်ခဲ့တယ်လို့။


ဘယ်ကနေ ဘယ်လို လူတစ်ယောက် ပိုလာတာလဲနော်????



ဆက်လက်ကြိုးစားပါဦးမည်။

15 comments:

  1. ဒီမက်ဆေ့ခ်ျကို ဘယ်သူတွေကို Forward လုပ်ရမလဲ စဉ်းစားနေတာ...

းဝ)

    ReplyDelete
  2. သတိထားမိပါတယ် နံပါတ် ၉ မပါတာ။း)
    ပြောမလို့ရှိသေး ကိုချမ်းက အောက်မှာ ရေးသွားတာကိုး။
    နှစ်တစ်နှစ်တောင် ကုန်တော့မယ် ကိုချမ်းရေ... အမတို့တွေလည်း လက်ရှိဘ၀ထက် ရင့်ကျက်ရတော့မယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. လူတယောက်တိုးလာတာကို လိုက်ကြည့်တာ ခေါင်းမူးသွားပြီ...

းဝ)

    ReplyDelete
  4. ဖတ်ပြီးတော့ တကယ်ကို ပြုံးမိပါတယ်.. နံပါတ်ကိုးမပါတာလဲ တကယ်ကို မသိလိုက်ပါဘူး
    တော်တော်များများ မှန်နေတာကိုး..

    ခင်မင်လျှက်

    ချော (အစိမ်းရောင်လွင်ပြင်)

    ReplyDelete
  5. ကိုယ့် ညီရေ.....

    ရွှေပြည်ကြီးကလူတွေအတွက်ကတော့ 

    ဟန်းဖုန်းတို့ အွန်လိုင်းတို့ ဆိုတာ အလှမ်း

    ဝေးနေပါဦးမယ်....

    ReplyDelete
  6. ကိုချမ်းရေ...
    ကျွန်တော်လည်း ကိုလူထွေးလို လူလိုက်ရေနေတာ...ခေါင်းမူးတွားဘီ....း)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  7. ကျွန်တော်တို့ရွာသားတွေတော့ အစ်ကိုရယ်
း) နှုတ်ဆက်တယ်ဗျာ တခါတည်းနော့ ၁ရက်နေ့ပြန်ပြီ
    ရွာကိုး) ဟိုနေ့ ဂျီတော့မှာတွေ့လိုက်လို့ခေါ်သေးတယ်
    မသိလိုက်ဖူးထင်တယ် အစ်ကို
း)

    ReplyDelete
  8. ကိုချမ်းရေ..မိုက်တယ်ကွာ..အိုင်ဒီယာကကောင်းတယ်..

    ReplyDelete
  9. ကိုချမ်းအိုင်ဒီယာကတော့ ရှယ်ပါပဲဗျာ...

    ReplyDelete
  10. တကယ်တော့လည်း ဟုတ်ပါတယ် ဒါကြောင့်
    ပြုံးသွားမိတယ် ကိုချမ်းလည်း မီးဖိုဖွင့်ရင်
    ပတ်ဝေါ့စ် ရိုက်ဖို့ မေ့မနေနဲ့ နော် . . . :P

    ReplyDelete
  11. အိမ်ကအထွက် phoneမပါရင်
    တခုခုလိုနေသလိုလို အဆင်မပြေဖြစ်တက်တာ
    ကတော့အမှန်ဘဲ အစ်ကိုရေ...
    ဖတ်ပြီး တကယ်ပြုံးမိပါတယ်။

    အစ်ကိုနဲ့မိသားစုအတွက်
    ပျော်ရွင်စရာ နှစ်သစ်လေးဖြစ်ပါစေနော်.....

    ခွန်သဒ္ဒါ

    ReplyDelete
  12. ကိုချမ်း နှစ်ကူးအမှတ်တရမှာ 2009ကိုဖြတ်သန်းခြင်းမပါဘူးနော်
    အသစ်တစ်ခုထပ်ရေးပေးရမယ်..


    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  13. အရင်နေ့တွေက၀င်လို့ရဖူးရယ်
    ဒီနေ့မှ မမချောဆီက၀င်လာတာ
    မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်လေးဖြစ်ပါစေနော်

    ReplyDelete
  14. စီဘောက် မတွေ့လို့..ကိုချမ်းရေ..
    !!新年快樂!!

    *!!Happy New Year!!*

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။