Friday, July 24, 2009

Mother


"အမေ"

အိပ်မရတဲ့ညတိုင်းမှာ
ချော့သိပ်တဲ့အမေရဲ့အသံတွေ
ကြားယောင်ဆဲပါ။

မှားရင်ရိုက်တဲ့
အမေရဲ့လက်တွေ
အခုတော့ မရှိဘူး
အဝေးဆုံးရဲ့ အဝေးမှာ
ဘဝတွေခြား။

သတိရတိုင်း
အမေ့ကိုတမ်းတရင်း
အမေ့ရဲ့ ကျမ်းစာအုပ်ကို
နေ့တိုင်းဖတ်လို့။

ပြန်ဆုံချင်ပါပြီ
ခွဲခဲ့ရတဲ့နေရက်များ
လွမ်းရတဲ့နေရက်များ
ရှည်ကြာလွန်းနေပြီ။

ပြန်ဆုံရန်အချိန်များ
ကြွေလဲမရ
ဝေလဲမရ
စက္ကန့်တိုင်းမှာ
ဘယ်လိုမှမေ့မရ။

အမေရေ...
သတိရတိုင်း
အမေရေ....
အမှတ်ရတိုင်း
ကျွန်တော်လေ
တစ်ယောက်ထဲ
အထီးကျန်လွန်းနေပြီ။

5 comments:

  1. ဘယ်အရာနဲ့မှအစားထုးမရတဲ့ ဆုံးရှုံးမှုဆိုတာ ကိုယ်တိုင်
    မိဘနေရာကို ရောက်နေတဲ့ အစ်ကို ပိုသိမှာပါလေ..
    ကောင်းမှုလေးတ္ဂေ များများလုပ်ပေးပေါ့..
    ပြီးတော့ ကြေ္ဂးသစ်ကို အကောင်းဆုံး မျိုးစေ့ချပေးနိုင်ပါစေ...

    ReplyDelete
  2. အမေနဲ့ခွဲပြီး နေရသူတိုင်းကို ကိုယ်ချင်းစာပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  3. အမေ့ကိုတမ်းတတဲ့ သီချင်းလေးလာခံစားသွားတယ်။ အမေကိုချစ်တဲ့ကိုချမ်း တစ်ယောက် အဖေပီသတဲ့ ဖခင်ဖြစ်ဖို့ ဆုတောင်းပေးတယ်နော်။ ပျော်ရွှင်ပါစေလို့ ။

    ReplyDelete
  4. သြော် အမေ
    အမေ့ကိုလွမ်းသွားမိတယ်။ =(

    ReplyDelete
  5. အမေ့ကဗျာတွေဆိုပြေးဖတ်
    ပြီးရင် ....
    လွမ်းတယ်ဗျာ

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။