Saturday, June 8, 2013

ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ပြပွဲ

မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိလာပါတယ်။ ဒီ လူအရိုး တစ်သန်း ဟာ အစစ်တွေတော့မဟုတ်ဘူး။ အမေရိကန်ကျောင်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အနုပညာရှင်တွေ က အရိုးအတူပုံစံတွေကို စုပေါင်းပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဒီအရိုးစုတွေကို ဝါရှင်တန်ဒီစီက အမျိုးသားပန်းခြံမှာ အခုလာမယ့် စနေ နဲ့ တနင်္ဂနွေ ၂ ရက်ကြာ ပြသမယ်။ လူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်တာတွေကို ကာကွယ်တဲ့ လူသားဝါဒ လှုပ်ရှားမှုကြီးပြုလုပ်ပြီး လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ မြန်မာအစိုးရ အပါအဝင် ဆူဒန် ကွန်ဂို နဲ့ ဆိုမာလီယာ နိုင်ငံတွေကို ဒီလိုပြုလုပ်နေတာတွေကို အထင်အရှားဖော်ပြ ဆန့်ကျင်ကြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သူ အာဏာပိုင်တွေ ရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ တရားမျှတမှုကို တောင်းဆိုတော့မယ်။
 Zaw Win
One Million Bones is a large-scale social arts practice, combining education, hands-on art making, and public installations to raise awareness of ongoing genocides and mass atrocities in places like Sudan, South Sudan, the Democratic Republic of the Congo, Somalia and Burma.
June 8th 1,000,000 Handmade bones crafted by students artists, and activists from around the world will be laid on the National Mall in Washington DC.
A striking symbol of our common humanity these bones were made to honor those lost to genocides and mass atrocities and those still fighting to survive them in Sudan , south Sudan, the Democratic republic of Congo , Somalia and BURMA.



EACH BONE REPRESENTS A CALL TO ACTION , A STORY , A VOICE
onemillionbones.org

https://www.facebook.com/OneMillionBones
associated with united art students Burma

Global Nomads Group

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...