Saturday, October 6, 2012

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ.......

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ။
လေးစားကြပါ။ စစ်တပ်ထဲကနေ သည်လိုလူမျိုး
ထွက်လာဖို့ ခက်ခဲလို့  - ဒါပေမဲ့ ကချင်ကစစ်ပွဲတွေ
ခရိုနီတွေလယ်သိမ်းတာတွေ ဘင်္ဂလီကျူးကျော်မူကို
သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ်ပေး
ဖို့ လိုနေပါသေးတယ် -

မြန်မာတွေကလည်း ဗိုလ်ချုပ်ပြောသလို သိပ်ပြီးတော့
တက်ထောင်ချင်တယ်။ ဖားနေတာလားကြောက်လို.ကြိုတာလား မကောင်းတတ်လိုကြိုနေတာလား စဉ်းစားစရာများတယ်ကွာ (လှည်.ကွက်တွေ ။မာယာတေ၊ွအပိုတွေ၊အိုဗာတွေ၊ွပရိယာယ်တွေ)အကွက်ရိုးတွေပါ...။

ကချင်ကစစ်ပွဲတွေ.......၊ ခရိုနီတွေလယ်သိမ်းတာတွေ....၊ ဘင်္ဂလီကျူးကျော်မူကို သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ် ပေးကိုပေးရမယ်။ မလုပ်ပေးရင် တစ်နိုင်ငံလုံး ဆန္ဒပြသင့်တယ် .......။

'စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီး ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်'' - (ကိုမင်းကိုနိုင် )

သမ္မတကြီးပြောတာတော့ နားလည်ပေးလိုက်ပါ ဦးပိုင်မှာသူ့ အစုရှယ်ယာပါတယ်လေ ဗိုလ်ချုပ်တွေတွက်လုပ်ထားတဲ့ MEC ပါနိုင်ငံအတွက် အသက်ပေးသွားတဲ့ ရဲဘော်လေးတွေ ခြေပြတ်လက်ပြတ် ဖြစ် သွားတဲ့ ရဲဘော်လေးတွေအတွက်မပါပါဘူး နောက်ဒါကတပ်လေ လုံအောင် ကာမထားရင်ကာလုံ နဲ့တွေ့သွားမယ်လေ။

 ဘီဘီစီနဲ့ အင်တာဗျူးမှာ..ဒေါ်အောင်ဆန်းစုကြည်ကလည်း..သူယုံကြည်ရာ သူလုပ်တာ..ကျနော်တို့ ကလည်း..ကျနော်တို့ ယုံကြည်ရာကို လုပ်ခဲ့တာပါလို့  ဖြေသွားသေးတယ်...အနှစ် ၂၀ ကျော် စစ်တပ်က အာဏာသိမ်း...၉၀ ရလာဒ်အနိုင်ကျင့်လုယူ အာဏာမလွှဲပေးဘဲ အခုချိန်ထိနေခဲ့တာဟာ...လက်ရှိ သမ္မတ တစ်ယောက်ရဲ့  ယုံကြည်ချက်လား...?? အဲဒီလိုတွေ တွေ့ ကရလျှောက်ပြောနေတာကိုလည်း...မျက်စိမှိတ် ထောက်ခံ ချီးမွန်းနေကြသေးတယ်...အံ့ ရောဗျာ...ကျနော်တို့  ပြည်သူတွေ ဘယ်လောက်ထိ ရိုးအ ပြီး လည်စဉ်းခံကြဦးမလည်း မသိဘူး....။

Monday, October 1, 2012

သမ္မတ အား ဟိမ၀န္တာ ချီးကျုးခန်းဖွင့်နေသူများ ဖတ်ဖို့ .........

ဦးဝင်းမျိုးသူက ''နိုင်ငံတော်သမ္မတကြီးက ဒီကြေးနီစီမံကိန်းကို မြစ်ဆုံဆည်ကိစ္စုလို ရပ်မှာမဟုတ်ဘူးလို့ နယူးယောက်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်ဖြေသွားတယ်။  ပြီးတော့သမ္မတကြီးက အချို့ ရွာသားတွေဟာ ပယောဂကြောင့် ဒီလိုမျိုးဖြစ်နေတာပါလို့ ဖြေသွားတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဘာလို့လည်းဆိုတော့ ပြည်သူဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြောနေတဲ့ သမ္မတကြီးက ပြည်သူတွေကို နားမလည်ပဲနဲ့ပြောနေလားလို့ စဉ်းစားမိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီအခန်းထဲကို ရောက်လာတာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ တရားမျှတမှုရှိဖို့တွေအတွက် မတိုင်ပင်ဘဲနဲ့ ရောက်လာတဲ့သူချည်းပါပဲ။ သမ္မတကြီးအနေနဲ့ ပယောဂလို့ပြောတာကို ပြန်ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ကြေးနီတောင်ပြဿနာက တရုတ်ကုမ္ပဏီလာလုပ်လို့ ဆိုတာထက် ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ ဆက်စပ်ဖြစ်တည်နေတဲ့ အခြေခံတွေ အားနည်းချက်တွေ စီမံခန့်ခွဲမှုအားနည်း ချက်တွေကြောင့် ဖြစ်နေတာ။ ဒါတွေကို အရင်ဖြေရှင်းနိုင်မှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင် သူများကလည်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင်သာ အကူအညီအကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်းနည်းရကြောင်း ပြောပြခဲ့ပါသည်။"



လက်ပတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှောဖလှယ်ပွဲတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက တောင်းဆိုခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ တရားရေးနယ်ပယ်မှ ထင် ရှားသူများ၊ နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ လက်ပံတောင်းတောင် စီမံကိန်းဒေသမှ ဒေသခံများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်က ''ကျွန်တော်တို့ငယ်ငယ်က ပထ၀ီဝင်ဖတ်စာထဲမှာ ကြေးစင်တောင်၊ စပယ်တောင် လက်ပံတောင်းတောင် ရှိတယ်ဆိုပြီး ဖတ်ခဲ့ရတယ်။ အခုကြေးစင်တောင်နဲ့၊ စ ပယ်တောင်တွေ မရှိတော့ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ စီမံကိန်းတွေ လုပ်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ့် ဒေသခံပြည်သူတွေရဲ့ လက်ငင်းဘ၀ကို ပျက်ယွင်းစေမယ့် စီမံကိန်းမျိုးကို မလုပ်ဆောင်သင့်ပါဘူး အဲဒီလို စီမံကိန်းမျိုး လုပ်ဆောင်တယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလို့ ပြောလို့မရပါဘူး။ ဒါဟာ ဖွံ့ဖြိုးရေးဟန်ဆောင်ထားတဲ့ ပျက်သုဉ်းရေး စီမံကိန်းတွေပဲ ဖြစ်ပါလိမ့်မယ်''ဟု ပြောပြခဲ့ပါသည်။
အဆိုပါ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက လက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်၍ ပေါ်ပေါက်နေသော ပြဿနာများမှာ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့်သာဖြစ်ကြောင်း အဆိုပါစီမံကိန်းကြီးများ လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို ထည်သွင်းစဉ်းစားခြင်းမပြုဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ကြခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းတို့ကို ဥပဒေရေးရာ အချက်အလက်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ထောက်ပြ၍ ဝေဖန်ပြောကြားခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်ပညာ ရှင်ဦးဝင်းမျိုးသူက''လယ်ယာ မြေတွေနဲ့ ကျေးရွာတွေကို နိုင်ငံတော်လိုအပ်ချက်အရ သိမ်းမယ်ဆိုပြီး သိမ်းတယ်။ နိုင်ငံတော်စီမံကိန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့တစ်တွေဟာ ခံလိုက်ရတယ်။ စီးပွား ရေးဖွံ့ဖြိုးမှုတွေ လုပ်တဲ့အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း တန်းတူလုပ်ဆောင်ရမယ်လို့ ဆိုပေမယ့် ပတ်ဝန်းကျင်သိမ်းသိန်းရေးကို ဘယ်တော့မှ အလေးမထားဘူး။ ပြီးတော့အခု တင်ပြသွားတဲ့ ဒေသခံတွေရဲ့ စကားအရ ဥပဒေကို ကိုင်တွယ် ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေပြောတာဆိုတာတွေဟာ ပြည်သူ့ဆက်ဆံရေးမတက်သလိုမျိုး ကျွန်တော်ခံစားရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကို ပြည်သူ့ဆက်ဆံရေး သင်တန်းတွေပေးဖို့ လိုနေပြီလို့ ကျွန်တော်ပြောချင်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ဦးဝင်းမျိုးသူက ''နိုင်ငံတော်သမ္မတကြီးက ဒီကြေးနီစီမံကိန်းကို မြစ်ဆုံဆည်ကိစ္စုလို ရပ်မှာမဟုတ်ဘူးလို့ နယူးယောက်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်ဖြေသွားတယ်။  ပြီးတော့သမ္မတကြီးက အချို့ ရွာသားတွေဟာ ပယောဂကြောင့် ဒီလိုမျိုးဖြစ်နေတာပါလို့ ဖြေသွားတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဘာလို့လည်းဆိုတော့ ပြည်သူဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြောနေတဲ့ သမ္မတကြီးက ပြည်သူတွေကို နားမလည်ပဲနဲ့ပြောနေလားလို့ စဉ်းစားမိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီအခန်းထဲကို ရောက်လာတာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ တရားမျှတမှုရှိဖို့တွေအတွက် မတိုင်ပင်ဘဲနဲ့ ရောက်လာတဲ့သူချည်းပါပဲ။ သမ္မတကြီးအနေနဲ့ ပယောဂလို့ပြောတာကို ပြန်ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ကြေးနီတောင်ပြဿနာက တရုတ်ကုမ္ပဏီလာလုပ်လို့ ဆိုတာထက် ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ ဆက်စပ်ဖြစ်တည်နေတဲ့ အခြေခံတွေ အားနည်းချက်တွေ စီမံခန့်ခွဲမှုအားနည်း ချက်တွေကြောင့် ဖြစ်နေတာ။ ဒါတွေကို အရင်ဖြေရှင်းနိုင်မှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင် သူများကလည်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင်သာ အကူအညီအကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်းနည်းရကြောင်း ပြောပြခဲ့ပါသည်။
မုံရွာမြို့မှ ကဗျာဆရာကြီးဦးအံ့မောင်က ''ကျွန်တော်တို့ဒေသမှာရှိတဲ့ လက်ပန်းတောင်းတောင်ကြီးကို အတင်းအဓမ္မ ဖြိုဖျက်နေတာကို ခုခံဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အင်အားတွေနဲ့ ၀ိုင်းဝန်းလာကြတာမြင်တော့ ကျွန်တော်အားတက်ပါ တယ်။ ကျွန်တောတို့ အခုတောင်းဆို ဆန္ဒပြကြတာဟာ ယာမြေတွေ၊ ကျေးရွာတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်းတာ မဟုတ်ပါဘူး။ ဒီကြေးနီလုပ်ငန်းကြီးဟာ ဒီဒေသနဲ့တကွ နိုင်ငံတော်ကြီးတစ်ခုလုံးအတွက် အစားထိုးလို့မရတဲ့ ပြင် မရတဲ့ အဆုံးရှုံးကြီးတွေ ဖြစ်မှာကြောင့် ဒီကြေးနီလုပ်ငန်းကြီးကို အပြီးအပိုင်ဖျက်သိမ်းပေးပါလို့ တောင်းဆိုရခြင်းဖြစ်ပါတယ်'' ဟုပြောပြပါသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ''ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဥပဒေစိုးမိုးမှုရှိရမယ်။ ဥပဒေစိုးမိုးမှု မရှိရင် ဒီမိုကရေစီလည်း တည်ဆောက်လို့မရဘူးဆိုတာကို ကျွန်တော်အလေးအနက် ထောက်ခံပါတယ်။ ကျွန်တော်တို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်လို့ ဥပဒေတွေမှာ တော်တော်ကြီးကို ကောင်းအောင် ရေးထားတာတွေ့ရပေမယ့် မလိုက်နာကြပါဘူး။ အကာအကွယ်ပေးမယ့် ဥပဒေတွေ ရှိခဲ့သော်လည်း အစိုးရအဆက်ဆက်သည် အထူးသဖြင့် စစ်အစိုးရတွေက လိုက်နာခြင်းမရှိကြပါဘူး။ အခုဖြစ်ပေါ်နေသော လက်ပံတောင်းတောင်ကိစ္စမှာ အုပ်ချုပ်သူတို့က ဥပဒေကို လိုက်နာရန် ပျက်ကွက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းနည်းစွာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများ ကွန် ယက်အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ပြဌာန်းဥပဒေတွေကို လိုက်နာရန် တိုက်တွန်းပါတယ်''ဟု ပြောကြားခဲ့ပါသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က''ဒီကနေ့ပွဲကို တက်ရောက်လာတဲ့ အင်အားကိုကြည့်ရင်တော့ ကျွန်တော်တို့ဘက်က နောက်ဆုံးရလာဒ် မထွက်သေးခင်မှာဘဲ စပြီး အားသာသွားတယ်လို့ သေချာပေါက်ပြောနိုင်ပါ တယ်။ ဒီထက်ပိုပြီး အနှစ်သာရကျစေတာက ပညာရှင်တွေရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်။ ပညာရှင်အားလုံးကလည်း အချက်အလက်နဲ့တကွ ပိုင်ပိုင်နိုင်နိုင် တင်ပြခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ဒီနေ့မှာ တရားမျှတမှု ကို လိုလားတဲ့လူတွေ လာစုတာပါ။ တစ်ချို့ဒေသတွေက ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကိုယ်စီကိုယ်စီရဲ့ အမှတ်သရုပ်တွေ ဘ၀တွေပျက်စီးသွားမှာ အင်မတန် စိုးရိမ်ပါတယ်။ ပြဿနာက လက်ပံတောင်းတောင် စီမံကိန်းတစ်ခုတည်း မကပါဘူး။ ဒါတွေ လိုက်ရှင်းနေရတာနဲ့ တကယ်အရေးကြီးတဲ့ အပြောင်းအလဲကို အာရုံလစ်ဟင်းသွားမှာ စိုးရိမ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့  စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီး ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာနိုင်ငံမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံမှ မြန်မာဝမ်ဘိုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခဲ့ရာ သိမ်းဆည်းခံရသည့် ကျေးရွာပေါင်း ၂၆ ရွာမှ ရွာသူ၊ ရွာသားများက ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Win Thaw Nyein 
Related Posts Plugin for WordPress, Blogger...