Thursday, January 26, 2012

ပျောက်ကွယ်လုဆဲ အလင်းများ တဖန်ပြန်တောက်ပချိန်


မှောင်ရီဖြိုးဖြိုးနဲ့ အလင်းမဲ့
ပျိုပျက်နေတဲ့ အမေ့အိမ်....
ယိုင်နဲ့ပြိုလဲနေရာမှ
တခါပြန်လည် နိုးထတော့မည်။

ဟိုနေရာ ဒီနေရာနဲ့
ကျဲပြန့်ခွဲထွက်နေတဲ့
အမေ့သားတွေ
အမေ့အိမ်.... ပြန်တည်ဆောက်ဖို့
မနက်ခင်းရဲ့ အလင်းတွေနဲ့အတူ
အမေ.... တို့ကို ကြိုနေတော့မည်။

မိတ်ဟောင်း ဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန် ကျေးဇူးရှိသူများ....
အလိုရှိသည်။

လှည်းဘီး နွံထဲနှစ်နေသည်။
ကူ၍တွန်းပေးကြပါ။
ပြိုင်တူတွန်းလျှင်
ရွှေ့နိုင်ပါသည်။
သင်ပုန်းကြီးထဲက ဒီ...ဖတ်စာ
အခုတော့ တကယ်လိုအပ်လာပြီ။

အမှန်တကယ်ဆိုရင်....
ကျောက်သင်ပုန်းနဲ့ယက်လုပ်ထားတဲ့ အမိုးကြားမှ
ပျောက်ကွယ်လုဆဲ.... အလင်းများ...
 တဖန်ပြန်လည်
တောက်ပလာချိန်ဖြစ်သည်။

ချမ်းဧအိမ်

3 comments :

  1. အင်း..
    ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည် တဲ့ ။
    မှန်ပါတယ်ဗျာ။ သို့ သော် ဦးတည်ချက်တစ်ခုထဲကို
    အတူပြိုင်တွန်းနေတဲ့ အထဲမှာ ဆန့် ကျင်ဖက်တွေ၊ ကန့် လန့် 
    တွန်းလာတာတွေ ဘေးတိုက်လိုက်လာတွေ ရှိနေရင်တော့ 
    ရွေ့ လာမဲ့ အရွေ့ ဟာ အမတန်မှ နှေးကွေးတဲ့  ရွေ့ မှန်းတောင်
    မသိရတော့ တဲ့  “ အရွေ့  ” ဖြစ်လာတော့ မယ်ထင်..။
    ( အစ်ကိုလင်း.. “ဒီ” ခေတ်ကြီးထဲမှာ လွတ်လပ်စွာ ကွဲလွဲ
    ခွင့်  ရှိမယ်ထင်လို့  ရေးခဲ့ မိတာပါ )

    ခင်သော....။

    ReplyDelete
  2. ကဗျာကောင်းလေးကို လာဖတ်သွားပါတယ် ကိုချမ်း...။ ပျောက်နေတယ်နော်..။

    ReplyDelete
  3. အချိန်ခါနဲ့ ညီပြီး လှပနေတဲ့ကဗျာတပုဒ်ပဲ ကိုချမ်းရေ


    မောင်ဘကြိုင်

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...