Thursday, March 24, 2011

ယူအေအီးနိုင်ငံ ပထမအကြိမ်စာပေဟောပြောပွဲ

ယူအေအီးနိုင်ငံရှိ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းမှ ကြီးမှုးကျင်းပပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲကို ၂၂.၀၃.၂၀၁၁ ခုနှစ် အင်္ဂါနေ့ ညနေ (၆)နာရီမှ ည(၁၀)နာရီအထိ ဒူဘိုင်းမြို့ Al Noor Training Center မှာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။ ကန္တာရမြေပေါ်တွင် မြန်မာတို့၏ စာသံပေသံ လက်ခုပ်သြဘာသံများ မိုးလုံးညံ့အောင် ယူအေအီး ပြည်ထောင်အသီးသီးမှ စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများက မအားလပ်သည့် ကြားကပင် ကြိုးစာပမ်းစား ကူညီတက်ရောက် အားပေးခဲ့ကြသဖြင့် ကန္ထာရတိုင်းပေါ်တွင် မြန်မာစာပေဟောပြောပွဲကို အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပေသည်။

ဆရာအောပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကလည်း မြန်မာပြည်မှ ဝေးကွာလှသော ယူအေအီးနိုင်ငံရှိ မြန်မာစာပေ ချစ်မြတ်နိုးသူ မြန်မာများအတွက် အခက်အခဲလေးတွေ ရှိလျှက်ကြားကပင် မဖြစ်မနေ ရောက်ရှိလာကြပြီး စာပေရသ ဗဟုသုတများကို ချီးမြှင့်ဟောပြောသွားတဲ့အတွက်လည်း ယူအေအီးမှ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းနှင့် စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ချမ်းလင်းနေမှ ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကို အထူးပင် ဝမ်းသာကြည်နူးမှုများစွာဖြင့် ကျေးဇူးတင်ရှိပါသည်။

ဆရာအော်ပီကျယ် - ပျော်ရာမှာမနေ တော်ရာမှာနေ


(Download)

ဆရာချစ်ဦးညို - အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ


(Download)

ဒီအသံဖိုင်များကို ဒူဘိုင်း အဖြူရောင်သံစဉ် ရေဒီယိုမှ ရွှေပု၊ သံလုံး၊ TY3 တို့က မေတ္တာဖြင့်ကူညီ အသံဖမ်းယူထားပြီး စာပေဟောပြောနေစဉ်မှာ တကမ္ဘာလုံးမှ မြန်မာများ နားဆင်နိုင်အောင် အဖြူရောင်သံစဉ် ရေဒီယိုမှနေ တိုက်ရိုက်လွှင့်တင်ပေးခဲ့ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

10 comments :

  1. ဒေါင်းသွားပါတယ် အကိုချမ်းရေ...။

    ReplyDelete
  2. အကိုရေ
    ပြန်လည်မျှဝေပေးမှု
    အတွက်ကျေးဇူးပါနော်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. ကျေးဇူးပါ ဒေါင်းလုဒ်လုပ်သွားလိုက်ပါတယ် တကူးတက လာပြီးအသိပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်မိပါတယ် ချမ်းမြေ့ပါစေ

    ReplyDelete
  4. ဒကာတော် ကိုချမ်းလင်းနေရေ ကျေးဇူးပါပဲဗျာ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

    ReplyDelete
  5. ဒေါင်းလို့ မရလို့။ပြောပြပေးကြပါဦးဗျာ။ကျေးဇူးပါ။

    ReplyDelete
  6. စာပေဟောပြောပွဲဖိုင်လေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  7. အဖြူရောင်နတ်သမီးMarch 28, 2011 at 8:29 AM

    ကျေးဇူးပါ ကိုချမ်းရေ..
    Download ယူသွားပြီဗျို့..

    ReplyDelete
  8. Can't listen Chit Oo Nyo completely . It has been error in somewhere . Could you please suggest me where I should listen that file completely?
    Thank for uploading

    ReplyDelete
  9. ရှင်သုန်November 14, 2011 at 6:15 AM

    စာပေ ဟောပြောပွဲ ဖိုင်လေး တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..ဗျာ . ဒေါင်းယူသွားပါတယ် ..

    ReplyDelete
  10. Dear Ko Chan Lin Nay,
    May I post some content from your blog on my website.

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...