Tuesday, March 1, 2011

အန္တိမသစ္စာ




အန္တိမသစ္စာ

ကျွန်တော့်ရဲ့ အန္တိမမျော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာ သောက်ချင်ရဲ့

နောင်ဘဝ၌
"လူ" ထပ်ဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျုဌာယဉ်ကျေးသော ပန်းများပွင့်သော
ထို အင်ကြင်းတောစပ်၌
အမေရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။

အမေ့သား
မှားခဲ့တယ်….. မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်….. မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်….. မရိုင်းခဲ့ဘူး
သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သား ကိုယ်သားပါ အမေရယ်။ ။

တစ်ခါတစ်လေ တရားထိုင်ပြီး
တစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ် အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။

ဤကမ္ဘာမြေကြီး
အပြီးတိုင် ပြိုကွဲသွားပါအံ့
နောင်ဖြစ်လာလတ္တံ ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန် မြင့်မြတ်သူ
ဖြစ်ခွင့်ရပါစေသတည်း။ ။

ကဗျာစာသား - ငြိမ်းဇော် 
ကဗျာခေါင်းစီးနဲ့ ဒီဇိုင်း - ချမ်းလင်းနေ

ရုပ်ရှင်အမြုတေးမှာ ကဗျာတွေရေးခဲ့တဲ့ သူငယ်ချင်း ငြိမ်းဇော်ရဲ့ကဗျာလေး 

"အမေ" ကို ချစ်သူတိုင်းခံစားနိုင်အောင်........

10 comments :

  1. ကိုကိုမောင်(ပန်းရနံ့)March 1, 2011 at 7:22 PM

    အမေ့သား
    မှားခဲ့တယ်….. မတရားမလုပ်ခဲ့ဘူး
    ဆိုးခဲ့တယ်….. မယုတ်မာခဲ့ဘူး
    မိုက်ခဲ့တယ်….. မရိုင်းခဲ့ဘူး
    သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
    သား ကိုယ်သားပါ အမေရယ်။ ။

    အဲဒီ ကဗျာစီးဆင်းမှုလေးက ရင်ထဲနက်နက် ထိုးဖောက်သွားတယ်။ တိုက်ဆိုင်မှုကြောင့် ထင်ပါရဲ့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  2. ကိုချမ်းလင်းနေရေ...ကဗျာစာသားရော...ခေါင်းစီးပါ...ဒီဇိုင်းမကျန် အကုန်ခိုက်တယ်...ကြိုက်တယ်...သဘောကျတယ်ကွာ...ဘာလို့လဲဆိုတော့ ဦးဇင်းက...ဟိုးငယ်စဉ်ကတည်းက...အမေနဲ့ခွဲခွါခဲ့ရသူမို့...လူတစ်ယောက်ဟ ကုသိုလ်နဲ့အကုသိုလ်ရောနေမှာပဲနော်...ကိုယ်ဗုံးကြဲတဲ့မြို့ဟာ...သူတစ်ပါးပိုင် ဆိုင်တဲ့မြို့မဖြစ်ဖို့ပဲ...လိုတာပါ...ရွှင်လန်းချမ်းမြေ့ပါစေဗျာ

    ReplyDelete
  3. တစ်ခါတစ်လေ တရားထိုင်ပြီး
    တစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
    ကုသိုလ် အကုသိုလ်တရား
    လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။
    --------
    ရင်ကိုမှန်တဲ့ မှန်တစ်ချပ်
    ခွမ်းကနဲ ခွဲလိုက်တာလည်း
    အမေ့သားပါပဲ အမေ..။
    ------
    ကဗျာလေး ထိရှလွန်းလို့ အပိုတစ်ပိုဒ်
    လက်ဆောင်ထားပေးခဲ့တယ်။:)

    ReplyDelete
  4. လူပီသ စွာ ....လူပီသ ကြတာပေါ့။

    ReplyDelete
  5. ကဗျာလေး တော်တော်ကြိုက်တယ်။ အရမ်းကောင်းတာပဲ..
    သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
    သား ကိုယ်သားပါ အမေရယ်။ ။

    ReplyDelete
  6. ဝက်ဝံလေးMarch 2, 2011 at 3:56 PM

    ကဗျာ ဖတ်သွားတယ် သွပ်ပြား အဲ သူများတွေ မန့်သွားတာပါ ကြည့်သွားတယ် သိပ်အထွေအထူး မပြောတော့ဘူးနော်
    ကောင်းပြီးသားဆိုတော့
    ဟဲဟဲ
    မတွေ့ရတာတောင်ကြာဘီ ကိုရေချမ်း နေကောင်းလား
    ကျန်းခန်းသာလို့ မာပါစ

    ReplyDelete
  7. အကိုရေ..ကဗျာလေး အားပေးသွားတယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  8. ဤကမ္ဘာမြေကြီး
    အပြီးတိုင် ပြိုကွဲသွားပါအံ့
    နောင်ဖြစ်လာလတ္တံ ကမ္ဘာ၌
    စိတ်နှလုံးကောင်းမွန် မြင့်မြတ်သူ
    ဖြစ်ခွင့်ရပါစေသတည်း။ ။

    ..........................

    အဲဒီဆုလေး ထပ်တူဆုတောင်းသွားပါတယ်..။

    ReplyDelete
  9. ကဗျာလေးဖတ်ပြီး ခံစားရတယ်
    အမေ့ကို သတိရမိတယ်..

    ReplyDelete
  10. အင်္ဂါဟူးMarch 4, 2011 at 2:13 PM

    တစ်ခါတစ်လေ တရားထိုင်ပြီး
    တစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
    ကုသိုလ် အကုသိုလ်တရား
    လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...