Friday, February 18, 2011

ဒါဘယ်သူပြောခဲ့တာလဲ?


အပျင်းလည်းပြေ ဗဟုသုတလည်းရစေမယ့် ဥာဏ်စမ်းလေးတစ်ခုလောက် လုပ်ကြည့်ရအောင်ဗျာ။

အခုအောက်ဖက်မှာ ၂၀ရာစုအစောပိုင်းက အလွန့်အလွန်နာမည်ကြီးတဲ့  အနောက်တိုင်း စာရေးဆရာတစ်ယောက်ကနေ သူ့မိတ်ဆွေတစ်ယောက်ကို ပြောပြတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ရေးထားပါတယ်။ ကျွန်တော်သိချင်တာက အဲဒီအဖြစ်အပျက်ကို ပြောပြခဲ့တဲ့ စာရေးဆရာကြီးရဲ့နာမည် ????? ဖြစ်ပါတယ်။ စဉ်းစားပြီး ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ဖြေကြည့်ကြပါဦး။ စဉ်းစားလို့မရဘူးဆိုလည်း ဒီအကြောင်းအရာလေးကို ဖတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောနိုင်ကြပါတယ်။


✽✼✽✼

မနက်တုန်းကဗျာ ကျွန်တော့်ဆီကို မိန်းကလေး သူငယ်ချင်းတစ်ယောက် လာသွားတယ်။ သူက စာရေးဆရာမတစ်ယောက်ဗျ။ ကျွန်တော့်ဆီကနေ သူရေးနေတဲ့ ဝတ္ထုတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကြံဥာဏ်လာတောင်းတာဆိုပဲ။ သူမက ပြောပါတယ်။ ကျွန်တော့်ဆီမလာခင်ကိုပဲ သူမတည်းနေတဲ့ ဟိုတယ်က Bell Boy ကောင်လေးတစ်ယောက်ကို အကြံဥာဏ် တောင်းကြည့်ပြီးသွားပြီတဲ့။

ဒါပေမယ့် ပြဿနာက အဲဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းမ ရေးတဲ့ဝတ္ထုထဲက အခန်းတစ်ခန်းကို သဘောမကျဖြစ်နေတယ်။

"ဘာကိုသဘောမကျဖြစ်နေတာတုန်း"လို့  ကျွန်တော်က ပြန်မေးတော့ ကျွန်တော့်သူငယ်ချင်းက  သူက အဲဒီကောင်လေးကို ဝတ္ထုထဲက အခန်းတစ်ခန်းကို ပြောပြလိုက်တယ်တဲ့။

အဲဒီအခန်းမှာ ဇာတ်လိုက်မင်းသားက သူ့ချစ်သူကောင်မလေးရဲ့ လော့ကပ်သီးလေး ပျောက်သွားလို့ တောနက်ကြီးထဲမှာ သွားရှာတယ်။ ရှာလို့လည်းတွေ့ရော၊ လော့ကပ်သီးလေးကို မြေကြီးပေါ်ကနေ ကောက်ယူပြီး အမြတ်တနိုးနဲ့ နမ်းလိုက်တယ်ဆိုတဲ့  အကြောင်းပါတယ်။

ဒါနဲ့ကျွန်တော်က "ဟာ...ဒါကောင်းသားပဲ။ တကယ့်ရိုမန့်စ်ဖြစ်တဲ့အခန်းပါဗျာ။ ဒါကို ခင်ဗျားရဲ့မိတ်ဆွေလေးက ဘာကိုမနှစ်သက်နိုင် ဖြစ်ရတာလဲ" လို့ မေးတော့။

"မဟုတ်ပါဘူး၊ သူကသဘောမကျဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့်နည်းနည်း လိုနေသေးတယ်လို့ပဲ ပြောတာပါ"လို့ သူငယ်ချင်းစာရေးဆရာမက ပြန်ဖြေတယ်။

"နော့ဖြင့်သူက ဘာအကြောင်းကို ထပ်ဖြည့်ချင်တာတဲ့တုန်း"လို့ ဆက်မေးတော့။

"ချစ်သူအတွက်အရဲစွန့်ပြီး တောနက်ကြီးထဲ လော့ကပ်သီးသွားရှာတာ ကောင်းပါတယ်၊ ရှာတွေ့တဲ့လော့ကပ်သီးကို နမ်းလိုက်တာလည်း ကောင်းတာပါပဲ။ ဒါပေမယ့် ဆရာမရယ် ဇာတ်လိုက်ကိုတော့ဖြင့် လော့ကပ်သီးကို မနမ်းခင် သူ့ရဲ့ရှပ်အင်္ကျီလက်နဲ့ ပေနေတဲ့မြေကြီးတွေ အမှိုက်တွေကို အရင်သုတ်ခိုင်းလိုက်ဖို့ မမေ့စေချင်ဘူး"တဲ့။

ဒါနဲ့ကျွန်တော်လည်း သူငယ်ချင်းစာရေးဆရာမကို ပြောလိုက်ရတယ်။ "ခင်ဗျားဗျာ ဒါနဲ့များ ကျွန်တော်ဆီလာပြီး ခင်ဗျားဝတ္ထုအတွက် အကြံဥာဏ်တောင်းနေရတယ်လို့၊ ခင်ဗျားရဲ့ Bell Boy က သိပ်ကိုစေ့စပ်သေချာတဲ့ တကယ့်ပါရမီရှင် ဝေဖန်ရေးသမားကောင်းဗျ။ ခင်ဗျားဝတ္ထုအတွက် သူပေးတဲ့အကြံဥာဏ်ထက်ပိုတဲ့ အကြံဥာဏ်မျိုး ကျွန်တော်ဖြင့်မပေးတတ်ပါဘူး" ဆိုပြီးတော့။
✽✼✽✼
Source : Poe C

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

9 comments :

  1. ညီမလေး ပထမဆုံး အားပေးသွားပါတယ်အကို

    ReplyDelete
  2. သိနေသလိုပဲ ... ဒါပေမယ့် စဉ်းစားမရဘူး .. ကိုချမ်းရာ ...း)

    ReplyDelete
  3. အဲ့ဒီ စာရေးဆရာက ဘူလဲ ဟင်...သားသား တော့ သိဝူး။ အဖြေ ရေးမဲ့ နေ့ စောင့် နေမယ်ဗျား)

    ReplyDelete
  4. ကိုချမ်းရေ စဉ်းစားလို့မရဘူး၊ ဧကန္တတော့ ကိုချမ်းပဲလား မသိပါဘူး၊ ဟုတ်တယ်မလား၊ လော့ကပ်သီးကို နားမလည်လို့ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ အခန်းဖော်သူငယ်ချင်းတစ်ပါးကို လှမ်းမေးလိုက်ရသေးတယ်။
    ကိုချမ်းလည်း ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ...

    ReplyDelete
  5. သိကိုမသိဘူး.....အဖြေပြောပြဖို့မမေ့နဲ့ဦးနော်.....:)

    ReplyDelete
  6. တကယ်ကို မသိဘူးဂျ ...
    အဖြေကိုစောင့်နေမယ်နော် ...

    ReplyDelete
  7. အင်း...
    အဲ့ ဒီ ကောက်နမ်းလိုက်တဲ့  တစ်ကွက်နဲ့ တင် ..
    ရိုမက်တစ် ဖြစ်နေပြီ။ ဘယ်သူရေးတာ ဆိုတာတော့  ရှေ့ က တက်နေ
    တဲ့  ခံစားကြည့်မိတာတွေ ပေါ့ မှာစိုးလို့  မစဉ်းစားတော့ ပဲ အဲ့ ဒီ
    ရိုမက်တစ် ကလေးအတိုင်း ပြန်သွားခဲ့ ပါတယ်အကိုလင်း..။

    ReplyDelete
  8. ဘယ်သူပြောခဲ့တယ်ဆိုတာထက် စာတပုဒ်ကို စေ့စေ့စပ်စပ် လေ့လာဝေဖန်ပုံလေး ပိုသဘောကျမိတယ်။ စာရေးသူတွေအတွက် မှတ်သားထားသင့်တဲ့အချက်ပါပဲ။

    ReplyDelete
  9. ကျွန်တော်လဲမသိဘူး။အဲဒီဇာတ်ကောင်နေရာမှာဆိုရင်ကိုချမ်းကရောလော့ကပ်
    သီးကလေးကိုဒီအတိုင်းပဲနမ်းလိုက်မှာလားလို့ ပြန်မေးသွားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...