Wednesday, January 6, 2010

မြန်မာ့ လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော် ဦးဥတ္တမ


မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်၌ ကျွန်သဘောက်အဖြစ် ကျရောက်နေခိုက်တွင် မြန်မာပြည်သားထဲမှ ရှေးဦးစွာ ရဲရဲဝံ့ဝံ့ အမြော်အမြင်ကြီးကြီးဖြင့် နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန်တရာကျေးဇူးကြီးမားသူ လွတ်လပ်ရေးမီးရှူး တန်းဆောင်အစစ်ဖြစ်ပေသည်။ လွတ် လပ်မှုကင်းမဲ့သော အမှောင်တိုက်ထဲက တိုင်းပြည်ကို အလင်းဆောင်ဆောင်ကာ လမ်းပြခဲ့သူဖြစ်သောကြောင့် ယနေ့မျက်မှောက် ကာလတိုင် အမှန်တရားဘက်က တိုက်ပွဲဝင်သူများအတွက် အာဇာနည်သူရဲကောင်း ဖြစ်တည်လျှက် ရှိနေပါသည်၊ ဆရာတော် ဦးဥတ္တမကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ တို့မှ မွေးဖွားခဲ့သည်။ သက်တော် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာာမဏေဝတ်ပေးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့အမည်ကို ရရှိခဲ့ သည်။ နက်နဲသော ပိဋ္ဋကတ်စာပေများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင်ရှိခိုက် အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့် ဗုဒ¨ဘာသာ စာပေဆိုင်ရာ ဧည့် ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွားလေသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို အနိုင်ရလိုက်သည်ကို တွေ့ရပြီး အာရှတိုက်သား ဂျပန်ကို အထင်ကြီးသွားခဲ့သည်။ ထိုသို့ ဂျပန်စစ်နိုင်သည်ကို နိုင်ငံရေးမျက်စိဖြင့် ကြည့်တတ်သော ဆရာတော် ဦးဥတ္တမသည် မြန်မာအမျိုးသားလုံးအား နိုင်ငံရေးမျက်စိ ဖွင့်ပေးရန် ဆန္ဒပြင်းပြနေခဲ့သည်။ ထိုအချိန်က အာရှသားတို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်ဟု ဆရာတော်ဦးဥတ္တမက ယုံကြည်သည်နှင့်အညီ ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရန်ကုန်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဂျပန်တွင် ၂ နှစ်ကြာ ပညာသင်ကြားခဲ့ပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခဲ့ပြီး တရုတ်ပြည်သို့ သူနှင့်အတူ လိုက်ခဲ့ရန်ပင့်ခဲ့၍ တရုတ်ပြည်သို့ လေ့လာရေးသွားခဲ့သည်။ ထိုအချိန်ကတည်းက ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိရှိ သတိပြုနိုင်ခဲ့သည်။ ၁၉ဝ၆ မေလတွင် ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပေးကူညီခဲ့သည်။ ထိုစဉ်အခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးဇောင်းပေဖော်ပြသော သတင်းစာကြီး ဖြစ်ခဲ့သည်။ “ဒီတိုင်းပြည် သူတစ်ပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာ သာကလည်း ကျွန်ဘာသာ၊ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော် များ ကျောင်းတွင် ကျိန်းအိပ်မနေပဲ သံဃာ့သမဂ္ဂများဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” ဟု နှိုး ဆော် ဟောကြားခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ အမြင်ကျယ်ပြန့်မှုနှင့် ညဏ်ကြီးမှုကြောင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ၁၉၁၂ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၂၁)ရက် နေ့စွဲပါ စာတစ်စောင်တွင် “ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ၆ နှစ်စေ့၍ “္စမငာမေပှခ့သသူ (မူလတန်းစာသင်ကျောင်း) မှာ သင်လျှင် ထိုလူကလေး၊ မိန်းကလေးတို့သည် ညကို ၁ဝ နာရီ အိပ်၍ မနက် ၅ နာရီကို အိပ်ယာထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေ ပြု၍ထားသည်။ ဦးဇင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်၊ အနေ၊ အစား၊ အသောက် အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်း မူလဖြစ်ဟန်ရှိကြောင်း” မြန်မာလူမျိုးတို့ကို ကမÇာ့အမြင်ကျယ်စေရန် မီးမောင်းထိုးပြခဲ့သည်။ ဦးဥတ္တမသည် သူ၏ ဂျပန်ပြည်အကြောင်း စာအုပ်တွင် “ငါတို့နိုင်ငံ၊ ငါတို့ မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင် တော်ဘုရား၏ သာသနာတော်သည်လည်း ကြီးပွားကျော်ဇော၍ ကမÇာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာလိမ့်မည်ဟု အထင်ရှိ၍၊ ဂျပန်လူမျိုးတို့၏ လုံးလ၊ ဝိရိယ၊ စည်းကမ်း၊ နည်းလမ်း၊ ထုံးစံ ဘာသာအယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉ဝ၇ ခုနှစ်တွင် ဂျပန်ကျွန်းကြီးသို့ သွားကြောင်း” ဖော်ပြထားသည်။ ဆရာတော်ဦးဥတ္တမ၏ ကမÇာ့အမြင်ကျယ်မှုသည် ဗုဒ္ဓွသာသနာ ထွန်းပြောင်ရေးကိုသာမက မြန်မာအမျိုးသားလုံးအတွက် နိုင်ငံရေး အသိဉာဏ်နိုးကြားမှုကိုပါ ဖြစ်စေခဲ့သည်။ ၂ဝဝ၇နှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုကို ဦးဆောင်ရာတွင် ပါဝင်ခဲ့ပြီး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော အရှင်ဣဿရိယက “ဆရာတော်ဦးဥတ္တမ၏ မြန်မာ တစ်မျိုးသားလုံးအပေါ်ထားတဲ့ မေတ္တာ၊ စေတနာနှင့် စွမ်းဆောင်ရည်ဟာ အလွန်လေးစားလောက်ပါတယ်။ နယ်ချဲ့ လက် အောက် က မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့ထိတ်လန့်နေချိန်မှာ ဆရာတော်ဟာ နိုင်ငံတကာ လှည့်လည်ပြီး သူရရှိလာတဲ့ အသိ တရား တွေကို လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုခဲ့သူ ဖြစ်တယ်။ ဒါကြောင့် မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး အသိ တရား နိုးကြားလာခဲ့ကြတာ” ဟုမိန့်ဆိုသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ထိုသို့ မြန်မာပြည်သူများ မကျေမနပ်ဖြစ်နေကြသော်လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နေချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ထံ စာတစ်စောင် ရေးပို့လိုက်သည်။ ထိုစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်သွား” ( ဃမေိသခု ,ွနအ သကအ ) ဟူ၍ ဖြစ်သည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခဲ့ရာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်ခြဲ့ ကရသည်။ ဆရာတော် ဦးဥတ္တမ သတင်းသုံးခဲ့သော ဂျပန်နိုင်ငံ နဂိုယာမြို့ရှိ အိမ်ကို သွားရောက်လည်ပတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဆရာတော်ဖြစ်သော အရှင်သောပါက “ဦးဇင်းအနေနဲ့ အမှတ်တမဲ့ ရောက်ခဲ့တာပါ။ ဒါပေမဲ့ ဒီပြတိုက်အိမ်ကြီးကို တွေ့လိုက်ရတဲ့ အခိုက်မှာ၊ ဘုရင်ခံကရက်ဒေါက် ထွက်သွား (ဃမေိသခွုနအ သကအ) ဆိုတဲ့ မောင်းထုတ်လိုက်တဲ့အသံကြီးကို ပြန်ကြားယောင်မိတယ်။ ဒီတစ်မျိုးသားလုံး ကြောက်ရွံ့နေရတဲ့ ဘုရင်ခံချုပ်ကို မောင်းထုတ်ရဲတဲ့ ဆရာတော်ရဲ့ ရဲရင့်ပြတ်သားလှတဲ့ မိန့်ကြားသံဟာ မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့မှုကြောင့် ငုပ်လျှိုးနေတဲ့စိတ်ကို နိုးထစေ ခဲ့သည်။ အကြောက်တရားဆိုတဲ့ အမှောင်ထုကြားမှာ မကြောက်တရားဆိုတဲ့ အလင်းရောင်ကို ဆောင်ကြဉ်းနိုင်ခဲ့တယ်” ဟု မိန့်ပါသည်။ ဤစာကြောင့် မြန်မာလူမျိုးများအတွင်းတွင် မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓါတ်ကို တပ်လှန်နှိုးဆော် ပေးလိုက်သလို ဖြစ်သွားသလို ဇာတိသွေး၊ ဇာတိမာန်လည်း တတ်ကြွလာသည်။ ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးတရွာတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင် တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်တွင် ဖမ်းခဲ့သည်။ ဆရတ်ာသည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပေး ခံရသောသူဖြစ် သည်။ ထိုသို့မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ကာ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်တာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေး ဟာ ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားကို ဟောပါတော့ သည်။ ဤသို့ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတောကို အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်သည် ဟုဆိုကာ ရန်ကုန်တွင် ဖမ်းဆီးခဲ့သည်။ ဆရာတော်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပေး ခံခဲ့ရ ရှာသည်။ ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဦးစိုးသိမ်းက “ပရိသတ်များမြင်ရဲ့လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်သွားရော့လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းဟာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ ယနေ့ ယခု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။ ဆရာတော်ဦးဣဿရိယက “ဆရာတော် ဦးဥတ္တမဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကို သူရရှိထားတဲ့ လောကအမြင်၊ ခေတ်အ မြင်နဲ့ပေါင်းစပ်ပြီး နိုင်ငံသားအားလုံး၏ အကျိုးကိုရှေးရှုပြီး လမ်းညွှန်ဖော်ဆောင်နိုင်ခဲ့တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အမြင်ကျယ်ရမယ်။ တာဝန်ယူရဲရမယ်။ ခေတ်ကာလကို လွှမ်းခြုံမြင်ရမယ်၊ ကျဉ်းမြောင်းတဲ့ အစွဲတွေကိုဖယ်ပြီး လက်အောက် ငယ် သားအပေါ် အမြင်တွေကျယ်စေဖို့၊ အသိတရားတွေ ကြွယ်စေဖို့ လုပ်နိုင်ရမယ်။ ယခုဆို သာသနာဟာ စစ်အာဏာစက် အောက် ရောက်နေပြီ။ ဒါကြောင့် ဗုဒ္ဓြွရဲ့ဓမ္မစက်အောက် ပြန်ရောက်ဖို့ ဦးဥတ္တမလို ရဲဝံ့ပြီး အမြင်ကျယ်တဲ့ သံဃာတော်တွေ အများကြီး လိုအပ်တယ်”လို့  မိန်းကြားပါတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားများကို အစွမ်းကုန်ထုတ်သုံးခဲ့သော ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေသည်။ ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကိုလည်း “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပေးခဲ့သည်။ အလားတူ စစ်တွေမြို့တွင်လည်း ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပေးခဲ့ပါသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်ကား ကိုလိုနီလက်အောက်ရှိ လွှတ်တော်က “ဦးဥတ္တမနေ့”ဟု သတ်မှတ် ကာ ဂုဏ်ပြုခဲ့ကြသော်လည်း လွတ်လပ်ပြီးနောက် မြန်မာအာဏာရှင်များ လက်ထက်တွင် ဆရာတော်၏ ကျေးဇူးတရားကို အသိ အမှတ်မပြုဘဲ မျက်ကွယ်ပြုထားခြင်းပင်ဖြစ်ပေသည်။ အာဏာရှင်များနည်းတူ ဆရာတော်ချခဲ့သော မျိုးစေ့မှ ဖူးပွင့်လာကြသည့် နိုင်ငံရေးအဝိုင်းအဝန်းတွင်လည်း ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရမှန်း ဂုဏ်ပြုရမှန်းမသိသူ များနေသည်ကို မယုံကြည် နိုင်ဖွယ် တွေ့မြင်နေရသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ အဓမ္မမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ပြီး အမျိုး ဘာသာ၊ သာသနာ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ကျေးဇူးရှင် အာဇာနည်ဆရာတော် ဦးဥတ္တမအား နောင်လာနောင်သားအားလုံး အမြဲတစေ သတိရ အားကျဂုဏ်ယူတတ်စေရန် အတွက်လည်းကောင်း။ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် လူ့အခွင့်အရေးအတွက် အနစ်နာခံပြီး နိုင်ငံရေး အသိအမြင် နိုးကြား လာအောင် ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း။ ဆရာတော်၏ ကျေးဇူးကိုသိတတ်သူများ ကြည်ညိုသူများက စက်တင်ဘာလ (၉)ရက်နေ့ကိုရောက်တိုင်း ပြည်တွင်းပြည်ပတွင် ကျင်းပကြသည်။ အလင်းဆက်
Related Posts Plugin for WordPress, Blogger...