Saturday, March 27, 2010

တိမ်ဝှက်တဲ့လမင်း



တိမ်ဝှက်တဲ့လမင်း

လသာတဲ့ညမှာ ငါကျရှုံးခဲ့တယ်။
ငါကမှ
နေရဲရဲ သေရဲရဲ မဟုတ်တာ။

မာန်ပျိုတံခွန် လွှင့်ထူလို့
ဖန်တရာ ထပ်အောင်ပွေးခဲ့တယ်။
ဒီသံသရာ အချစ်ကျော့ကွင်းမှာ
ဝပ်ဆင်းကာမျော။

ရမက်ကြောင့်ရလဒ်
အပြစ်ကြောင့် ဒဏ်ခတ်ခံရတယ်
ဘယ်ညာပြန် ကြောမဆန့်နိုင်အောင်
တိမ်သွားတဲ့လမ်းမှာ
လမင်းကို ကာစင်တင်
ကြိုးပေးသတ်တယ်
ဒီတကြိမ်လည်း သေရပြန်ရော။

ချမ်းဧအိမ်

12 comments :

  1. နေရဲရဲ သေရဲရဲ....
    တိမ်ဝှက်တဲ့ လမင်း ..မလင်းတစ်လင်းမို့...
    ပြစ်ဒဏ်တွေကြား ...ကျဆုံးသွားသတဲ့...း )
    ခံစားချက် အပြည့်ပါတဲ့ မော်ဒန်ဆန်ဆန် ရသ လေး
    ကို လာခံစားသွားကြောင်းပါ.ခင်ဗျား...
    ပျော်ကြပါစေ
    *.*.*

    ReplyDelete
  2. ကိုချမ်းရေ ကဗျာနုနုလေး လာဖတ်တယ်ဗျို့.. ကဗျာခေါင်းစဉ်ကအစ လှတယ်။

    ReplyDelete
  3. ကဗျာလေးလာဖတ်သွားပါတယ်။

    ReplyDelete
  4. ငါက နေရဲရဲ သေရဲရဲမှ မဟုတ်တာ ။
    ရမက်ကြောင့်ရလဒ်
    အပြစ်ကြောင့် ဒဏ်ခတ်ခံရတယ်။
    အဲ့ဒီ စာသားလေးတွေက လူကို ထိတယ်ဗျာ...။

    ReplyDelete
  5. ရမက်ကြောင့်ရလဒ်
    အပြစ်ကြောင့် ဒဏ်ခတ်ခံရတယ်
    ဘယ်ညာပြန် ကြောမဆန့်နိုင်အောင်
    တိမ်သွားတဲ့လမ်းမှာ
    လမင်းကို ကာစင်တင်
    ကြိုးပေးသတ်တယ်
    ဒီတကြိမ်လည်း သေရပြန်ရော။

    ကောင်းလိုက်တဲ့ အရေးအသားပဲ ကိုချမ်း ...
    ကဗျာကို တော်တော်ခိုက်သွားတယ် ...
    ခင်တဲ့
    ညရဲ့ကောင်းကင်

    ReplyDelete
  6. ကိုချမ်းရေ.....
    ပျောာက်နေတာ အတော်ကြာ.....။
    ပေါ်လာပြန်တော့လည်း ကဗျာကောင်းလေးတစ်ပုဒ်နဲ့...။
    “လမင်းကို ကားစင်တင်
    ကြိုးပေးသတ်တယ်
    ဒီတကြိမ်လည်း သေရပြန်ရော”.....
    အရမ်းမိုက်တယ်.........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  7. လာခံစားသွားပါတယ် ကိုရေချမ်းရေ
    မတွေ့တာတောင် ကြာပြီနော် နေကောင်းပါရဲ့လား

    ReplyDelete
  8. နေရဲရဲ သေရဲရဲ....
    တိမ်ဝှက်တဲ့ လမင်း ..မလင်းတစ်လင်းမို့...
    ပြစ်ဒဏ်တွေကြား ...ကျဆုံးသွားသတဲ့...း

    ထိချင်ပြင်းလွန်းပါလားဗျာ

    ReplyDelete
  9. တိမ်တွေလည်း ကြာကြာ မဝှက်နိုင်ပါဘူးလေ..
    တစ်နေ့နေ့တော့ သာ ရမှာပဲ မဟုတ်လား..။

    ReplyDelete
  10. တိမ်သွားတဲ့လမ်းမှာ
    လမင်းကို ကာစင်တင်
    ကြိုးပေးသတ်တယ် ...

    အားးးးးး ဒီလိုအတွေးမျိုး အကိုချမ်းရေ
    စကားလုံးစဉ်းစားမရခဲ့ဘူး......
    ကဗျာထဲမှာ ခံစားချက်တွေ အများကြီးတွေ့ရတယ်..

    ReplyDelete
  11. ကဗျာလာဖတ်သွားပါတယ်အစ်ကိုရေ...
    ပျောက်နေတာ အတော်ကြာသွားပြီ။
    လယ်တွေစိုက်တာ သူဌေးဖြစ်သွားလို့
    ဘလော့ပြန်ရေးတာလား..းP

    ပျော်ရွင်ပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  12. ကဗျာ့စာသားထိချက်ကတော့ ပြင်းလွန်းတာဗျာ..။
    ကဗျာလာဖတ်သူ အားလုံးကိုလည်း ဟတ်ထိသွားစေတယ်...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...