Thursday, November 19, 2009

နံနက်ခင်းကို လှစေခြင်း




နံနက်မိုးသောက်
အလင်းရောက်တဲ့အခါ
ဂုဏ်တော်တရားနဲ့
မေတ္တာပွားပြီး
တောင်းဆုချွေပြု
ပတ္တိဒါန ဝေစုချလိုက်မယ်
ဆိုရင်.......
နံနက်ခင်းကို လှစေခြင်းပါပဲ။

ကောင်းသော နံနက်ခင်းပါခင်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။ Good Morning ဆိုတဲ့ စကားလုံးလှလှ စကားလေးတစ်ခွန်းဟာ ကြီးငယ်အလတ် လူသားတို့နှုတ်ဖျားဝယ် ရေပန်းစားအသုံးများ၍ ခေတ်စားနေသော စကားတစ်ခွန်းဖြစ်နေပါသည်။

ကောင်းသောနံနက်ခင်းဆိုသည်မှာ "အဘယ်နည်း" ဟုမေးခွန်းတစ်ခု မှတ်တမ်းပြုစရာရှိပေသည်။ ထိုမေးခွန်းကို စာဖတ်သူတို့ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ်ကြရန် စာရေးသူက တင်ပြလိုပါသည်။

စာရေးသူတို့ သာသနာ့အလုပ် အားထုတ်ကြရာ ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒစရိယ ကမ္ဘာ့ သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး သီတင်းသုံးစံပျော် သာသနာပြုတော်မူခဲ့သည့် "မဟာစည်သာသနာ့ ရိပ်သာဋ္ဌာနချုပ်"၌ ရဟန်းအမျိုးသား၊ အမျိုးသမီး သီလရှင် ယောဂီအားလုံး တို့သည် နံနက်သုံးနာရီတိတိ အိပ်ရာမှ ထကြရသည်။လေးနာရီအရောက် မိမိတို့ဆိုင်ရာ ဓမ္မာရုံကို သွားကြရသည်။

ရဟန်းယောဂီနှင့် အမျိုးသားယောဂီများသည် စံကျောင်းတော်အောက်ထပ်၊သီလရှင်နှင့် အမျိုးသမီးယောဂီများက ဖလ်ယဉ်ဓမ္မာရုံသို့ အရောက်သွား၍ လေးနာရီမှ ငါးနာရီအထိ တရားရှုမှတ်ကြရပေသည်။အရုဏ်ဦးမို့ တိတ်ဆိတ်ငြိမ်သက်ပြီး သာယာကြည်နူးဖွယ် အချိန်ကလေးဝယ် နှစ်ရာကျော်မျှသော ယောဂီသူတော်စဉ်တို့၏ တရားထိုင်အပြီးမှာ ကြားရသူတို့ စိတ်နှလုံးကို ကြည်နူးရွှင်ပြုံးစေနိုင်သည့် အသံသာသာတစ်ခု ညီညီညာညာ ပေါ်ထွက်ခဲ့လေပြီ။ ထိုအသံသည် ကိလေသာကင်း ကောင်းသောရနံသင်းသည့် ဓမ္မသံ ဖြစ်ပါသည်။

နံနက်ခင်းကာလမို့ အေးမြလှတဲ့ လေပြေလေညှင်းလေတွေကို ရှုရှိုက်ရတာဟာလည်း စိတ်ရောကိုယ်ပါ လန်းဆန်းမှုကိုရရှိနေပါသည်။တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်ရာကျော်သော ယောဂီတို့ရဲ့ ဓမ္မသံစဉ်တို့က မဟာစည်သာသနာ့ရိပ်သာကြီးမှသည် သတ္တလောကကြီးဆီသို့ အရုဏ်ဦးမှသည် နံနက်ခင်းဆီသို့ အလှတရားများဖြင့် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလို့
လှပစေပါသည်။ရှေးဦးစွာထွက်ပေါ်လာသော ဓမ္မသံစဉ်သည်ကား မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံမှာပုံဖော်၍ ရှိခိုးခြင်းဟူသော မဟာစည်ဆရာတော်ဘုရားစီစဉ်သည့် ရည်ရွယ်ချက်ပြည့်စုံသော

"သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်းကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး၊ ဆရာသမားတို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား"

ဆိုသည့်ဘုရားရှိခိုး ပူဇော်သံဖြစ်ပေသည်။ညီညီညာညာ နှင့် ဖြေးဖြေးမှန်မှန် ဘုရားရှိခိုးသဖြင့် နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။မဟာစည်ဆရာတော်ဘုရား စီစဉ်သည့် ဘုရားရှိခိုးသည် ရွတ်ဖတ်ပူဇော်သူ၊ နာယူသူတို့အတွက် ရွတ်ဆိုလို့ ကောင်းသည့်အပြင် အဓိပ္ပါယ်ကလဲ စုံလင်ပြည့်ဝလှပါသည်။

ဖောင်းပိန်အစရှိတဲ့ ထင်ရှားပေါ်ရာ ပေါ်လာသမျှတွေကို အမြဲမပြတ်သတိကပ်လျှက် တစ်နာရီကြာ ထိုင်ပြီး ရှုမှတ်ရသည့် သတိပဋ္ဌာန် ဝိပဿနာတရားတို့ဖြင့် ရတနာသုံးစုံ အမြတ်ဂုဏ်ကို ယုံကြည်မြတ်နိုး လက်ဆုံမိုး၍ ပူဇော်ကြပါသည်။

"ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ - မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ဟု ဆိုအပ်သော ဤလောကုတ္တရာ တရားကိုးပါးအား လျော်သောကျင့်ဝတ် ပဋိပတ်ဖြင့် ဗုဒ္ဓံ - မြတ်စွာဘုရားကို။ ဓမ္မံ - မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန် ဟုဆိုအပ်သော တရားတော်မြတ်ကို။ သံဃံ - မဂ္ဂဠာန်လေးယောက်၊ ဖလဠာန်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့်တကွ ယခုရှိတော်မူကြသော သမ္မုတိ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား" ဟု ညီညီညာညာ ရိုသေစွာ ပူဇော်ကြလျှက်

"ဣဒံမေ ပုညံမဂ္ဂမလဥာဏဿပစ္စယောဟောတု။

ဘန္တေ၊ အရှင်ဘုရား။မေ၊ တပည့်တော်တို့၏။ ဣဒံပုညံ၊ ဤသို့ ယနေ့ပြုအပ်သော ဒါနကုသိုလ်၊ ဆောက်တည်အပ်သော သီလကုသိုလ်၊ ပွားများအပ်သော ဘာဝနာကုသိုလ်၊ တရားနာရသော ဓမ္မဿဝနကုသိုလ်သည်။ မဂ္ဂဖလဥာဏဿ၊ တပည့်တော် တောင့်တအပ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်၏။ ပစ္စယော၊ ရကြောင်းရောက်ကြောင်း ကျေးဇူးပြုသော အကူအညီ အထောက်အပံသည်။ ဟောတု၊ဖြစ်ပါစေသတည်း။" ဟုသော ကောင်းမှုဖြင့် တောင်းဆု ချွေကြပြန်သည်။

တဆက်တည်းမှာပင်-
"ဣမံနော ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ။

ဣမံပုညဘာဂံ၊ ဤသို့ ယနေ့ယခု တပည့်တော်တို့ တစ်စု၏ ပြုစုပွားများ နာကြားရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂကို။ သဗ္ဗသတ္တာနံ၊တရားနာဖော်နာဖက်၊ တရားအားထုတ်ဖော်၊ တရားအားထုတ်ဖက် ဖြစ်ကြကုန်သော ယောဂီအပေါင်း သူတော်ကောင်းများနှင့်တကွ မိခင်ဖခင် ကျေးဇူးရှင်တို့ကို အစထား၍ သုံးဆယ်တစ်ဘုံ လုံးစုံများစွာ သတ္တဝါမှန်သမျှ အနန္တတို့အား။ ဒေမ၊ ရစေယူစေ အမျှပေးဝေပါကုန်၏။" ဟူ၍ နတ်ဗြဟ္မာ လူတစ်ဖော် မြတ်သာဓု ခေါ်ကြစေရန် အမျှပေးဝေ ကြပြန်ပါသည်။

တစ်နာရီကြာထိုင်ပြီး ရှုမှတ်လို့ရတဲ့ သမာဓိအရှိန်တို့ဖြင့် မနောကံနှင့်ရင်း၍ ဝစီကံမြောက် မေတ္တာဓာတ်တွေ ပို့လွှတ်လို့ နေကြပြန်သည်။

"အမျှရကြ၍ချမ်းသာကြပါစေသော်။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း
ပဋိပတ်တို့ကို ကျင့်ကြံကြိုးစာ ပွားများအားထုတ်နိုင်ကြပါစေသော်"
ဟူ၍ မေတ္တာဓာတ်တွေ ဖြန့်ဝေလိုက်ကြပါသည်။

နောက်ဆုံးမှာတော့
"ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ခြောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။
ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်စ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များတွေ သာဓုခေါ်စေသော်....... အမျှ.....အမျှ.....အမျှ.......ယူတော်မူကြပါကုန်လော့။
သာဓု...သာဓု....သာဓု"
ဆိုတဲ့ စကားသုံးလုံးက နေရာယူလိုက်ပါသည်။

ဤသို့ဖြင့် Good Morning ဖြစ်ကြစေရန် မဟာစည်သာသနာ့ရိပ်သာမှ နှစ်ရာကျော်သော ယောဂီ သူတော်စင်တို့က နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။ရတနာသုံးတန် ကံနှင့်အကျိုး အားကိုးယုံကြည် သူတော်စင်တို့၏ နံနက်ခင်းကို လှစေသော ဓမ္မသံစဉ်သည် သာယာချမ်းမြေ့
လှတာမို့ တစ်သက်မမေ့နိုင်စရာ ကြည်နူးဖွယ် တစ်ခုပါပဲ။ အသံအားလုံးတွင် နှိုင်းယှဉ်စရာ ထပ်တူပြုစရာ ဓမ္မသံစဉ်လောက် ကောင်းတာ ဘယ်အခါ ဘယ်နေရာမှ မရှိပါဘူး။ နံနက်ခင်းကို ဓမ္မသံစဉ်ဖြင့် လှပစေ၍ ငြိမ်းချမ်းရေးတရားရိပ်ဝယ် ပျော်ပိုက်နိုင်ကြပါစေကြောင်း စာစီပေါင်းလို့
တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ချစ်

(ခွင့်တလအပြန် အချိန်လေးရလို့ မဟာစည်သာသနာ့ရိပ်သာခွဲ သဓ္ဓမ္မရံသီရိပ်သာ၌ ရဟန်းခံ တရားအားထုတ်ရင်းမှ တရားဓမ္မသင်ပြပေးသော ဆရာတော် အရှင်ဝိစိတ္တာနန္ဒ (ဓမ္မာစရိယ၊ B.A, B.Sc, Dip in English) အားရှိခိုးပူဇော်ဂုဏ်ပြုရင်း တရားအလှုတော်မြတ်ကိုကုသိုလ်ပြုအပ်ပါသည်။
ချမ်းလင်းနေ)

ဆက်လက်ကြိုးစားပါဦးမည်။

23 comments :

  1. အလွန်ကျက်သရေအပေါင်းဖြင့် ပြည့်စုံလှပါကုန်၏။
    နံနက်ခင်းကို တရားဓမ္မဖြင့် လင်းစေခြင်းသည် မည့်သည့်အသံသာတို့နှင့်မျှ နှိုင်းယှဉ်၍ မမှီနိုင်ပါတကား။

    ကျွန်တော်လည်း မဟာစည်တရားရိပ်သာမှာ ငယ်စဉ် ကိုရင်ဘ၀က ၄၅ ရက်တိုင်တိုင် တရားစခန်းဝင်ခဲ့ဖူးပါသည်။
    အလွန်တင်းကျပ်၍ တရားအမှုပြုလုပ်ခြင်းကို ဦးစားပေးသော ရိပ်သာတစ်ခုပါ။

    ယခုလို မျှဝေပေးခြင်းအား သာဓုခေါ်ဆိုပါ၏။
    သာဓု...သာဓု...သာဓု

    ReplyDelete
  2. သာဓု သာဓု သာဓု ပါ ကိုချန်းလင်းနေ။

    ReplyDelete
  3. ကိုချမ်းရေ..
    ဗမာပြည် ပြန်သွားလိုက်တာ တော်တော်အကျိုးတွေ ရှိလာတယ်ပေါ့ .. သာဓု ခေါ်ပါတယ် ... ဆက်ပြီးတော့လဲ မမေ့မလျော့ အားထုတ်နိုင်ပါစေ...နံနက်ခင်းတိုင်းလဲ တရားသံတွေနဲ့ လှပ နိုင်ပါစေ ...

    ReplyDelete
  4. ငါ့အစ်ကိုအခွင့်အရေးကို
    အမှန်အကန်အသုံးချခဲ့တာဘဲ။
    သာဓုခေါ်ပါတယ်ရှင်....

    ReplyDelete
  5. နေ့ တစ်နေ့ ရဲ့ အစ ကဘဝတစ်ခုရဲ့ အစ ပါပဲလို့ ။
    ဒီလိုပဲ နေ့ ပေါင်းများစွာ၊ဘဝပေါင်းများစွာ ဖြတ်သန်းကုန်
    ဆုံးခဲ့ ကြပေမဲ့  စုဆောင်းခဲ့ မိကြတာကတော့  အပူရောင်
    အာရုံတွေပါပဲလို့ ။ ဘဝ တစ်ခုရဲ့ အစဖြစ်တဲ့  နေ့ တစ်နေ့ 
    ရဲ့  အစကို အခုလိုမျိုးပဲ ကောင်းသော၊အေးသော စ ခြင်းမျိုး
    တွေ နဲ့ သူ စ စ နေနိုင်ခဲ့ ရင် အကောင်းဆုံးပါလို့  ဆိုခဲ့ 
    ရင်း သာဓု အကြိမ်ကြိမ် ပဲ ခေါ်ခဲ့ မိပါတယ်ဗျာ...။

    ReplyDelete
  6. သာဓုဗျာ သာဓု သာဓု
း)
    အသစ်တိုင်းရောက်လာမှာပါ

    ReplyDelete
  7. ကိုချမ်းလင်းနေရေ...
    အားကျတယ်ဗျာ...။
    တစ်ကယ်ပြောတာပါ...။
    ကျွန်တော် ဟိုး...၂၀၀၀ ခုနှစ်လောက်တုန်းကတော့ သင်္ကြန်တွင်း...ရဟန်းဝတ်ရင်း... မိုးကုတ်ဝိပဿနာ တရားစခန်းဝင်ခဲ့ဖူးတာကို သွားသတိရမိတယ်ဗျာ...။
    ကျေးဇူးတင်ပါတယ်ဗျ...နော့်...။
    ဝေမျှပေးထားတာတွေအတွက်ပါ...။

    ReplyDelete
  8. မဟာစည်တော့ မဝင်ဖူးဘူး ကိုရေချမ်းရေ ချမ်းမြေ့ရိပ်သာကတော့ ငယ်ငယ်ကတည်းက သွားတာ ကျောင်းပိတ်ရင် အဲဒီကိုပဲ အမြဲသွားတယ်

    ကျက်သရေ ရှိပါတယ် ကိုရေချမ်းရေ...

    ReplyDelete
  9. မနက်ခင်းတစ်ခုရဲ့ အလှတရား ငြိမ်းချမ်းမှု သံစဉ်တွေကို ကိုချမ်းရှာတွေ့ခဲ့တယ်ပေါ့...

    ဝမ်းသာကြည်နူးစရာကောင်းပါတယ်..

    ကျနော်ကိုယ်တိုင် မလုပ်နိုင်သေးဘူး ဆိုတော့ ကိုချမ်း ရခဲ့တဲ့ အချိန်လေးမှာ လုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို သာဓုခေါ်ပါတယ်ဗျာ...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  10. ကောင်းတယ်ဗျာ
    စိတ်ချမ်းသာစရာပါပဲ
    အေးချမ်းလိုက်ပါဘိ ...
    ပျော်ပါစေ

    ReplyDelete
  11. ကိုချမ်းရေ
    မင်္ဂလာနံနက်ခင်းလေးကို လာဖတ်သွားပါတယ်...
    အားကျမိတယ်...
    ရောက်တုန်းရောက်ခိုက် အချိန်ကို အကျိုးရှိအောင် သုံးခဲ့တဲ့ ကိုချမ်းကိုလဲ လေးစားပါတယ်...
    မင်္ဂလာရှိသော နံက်ခင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...

    မနှင်း

    ReplyDelete
  12. အမိမြေပြန်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့တာ သာဓုခေါ်ပါတယ် ကိုချမ်း....... တစ်နေ့တာလုံး စိတ်ချမ်းသာနေနိုင်ဖို့ မနက်စောစောစီးစီး မေတ္တာပို့ အမျှဝေလိုက်တယ်ဆိုရင်ပဲ စိတ်ထဲမှာ ကြည်နူးလန်းဆန်းနေတာ အမှန်ပါ
    စိတ်ငြိမ်းချမ်းမှုတွေ ရခဲ့တယ်ပေါ့း)

    ReplyDelete
  13. သာဓု သာဓု သာဓု

    နွေးနေခြည်

    ReplyDelete
  14. မြန်မာလူမျိုးတွေ အတွက် နံနက်ခင်းမှာ မင်္ဂလာအရှိဆုံး
    အသံလို့ပြောရမယ်။ မနက်စောစောမှာ တရားခွေ ပဌာန်း ခွေတွေကို လ္ဘက်ရည်ဆိုင်တွေက ဖွင့်ထား ရင်တောင် တကယ်ကြည်နူးဖို့ကောင်းတာပဲဗျာ

    မနက်အစောကြီးမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း တရားမှတ်ရတာ သိပ်ကောင်းတာ ပါပဲဗျာ..။
    ကျနော်လည်း ဒီတခါ ပြန်ရင် စိတ်နှလုံး ပိုအေးချမ်း အောင် ၀င်ပါအုံးမယ်။

    ဒီစာစုလေးအတွက်လည်း နှစ်သက် သလို ကျေနပ်အားရ မိပါတယ်။

    ReplyDelete
  15. ကိုချမ်း မြန်မာပြန်ရောက်ခိုက် ရဟန်းခံလာသေးတယ်။ ကောင်းလိုက်တာ။ သာဓုပါနော့။ နေ့တနေ့မှာ မနက်ခင်းလေးက အေ၇းကြီးဆုံးပါပဲ။

    ReplyDelete
  16. ကိုချမ်း က အမိမြေ ခဏပြန်ခိုက် တန်ဖိုးအရှိဆုံးသော အရာကိုပြုမူဆောင်ရွတ်နိုင်တာ ချီးကျုးပါတယ်။ သာဓုလည်း ခေါ်ဆိုပါတယ်

    ReplyDelete
  17. မင်္ဂလာရှိသော နံနက်ခင်း မှအစ တစ်နေ့လုံး မင်္ဂလာရှိတဲ့နေ့လေးတွေ ကို ဖန်းတီးပြီး ခံစားနိုင်ပါစေလို့ .. တန်ပြန်မေတ္တာပို့ ခဲ့ပါတယ်ဗျာ

    မိသားစုအားလုံး ကျန်းမာချမ်းသာကြပါစေ

    ReplyDelete
  18. သာဓု၊ သာဓု၊ သာဓု ပါဗျာ....
    ကိုချမ်းလည်း အနန္တကျေးဇူးတော်ရှင်မဟာစည်ဆရာတော်
    ဘုရားကြီးရဲ့ အစဉ်အဆက် တပည့် ပေပဲ....
    ဆရာကောင်းတပည့် ဆိုတော့ ပန်းကောင်းပန်နိုင်ရမှာ
    ပေါ့ ဗျာ ...( လောကုတ္တရာပန်း၊ မဂ်၊ဖိုလ် ပန်းပွင့် ပန်းခိုင်
    ပေါ့ ဗျာ...) ....
    ကိုချမ်းခွင့် သွားနေတုံးတင်ခဲ့ တဲ့ 
    မဟာစည်ဆရာတော်ဘုရားကြီးနဲ့ မင်းကွန်းဆရာတော်
    ဘုရားကြီးတို့ ရဲ့ ကြည်နူးကြည်ညိုဖွယ်ပုံရိပ်လေးပါ...

    http://www.kopeter.blogspot.com/2008/08/blog-post_01.html

    ReplyDelete
  19. ကျက်သရေ ရှိလိုက်တဲ့ ကဗျာလေး
    တိုတိုလေးနဲ့ တန်ဖိုးရှိပါ၏ ။
    ခင်မင်လျှက်
    မနှင်း

    ReplyDelete
  20. မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ ဒီပို့စ်လေးကို ဖတ်လိုက်ရတဲ့ အတွက် အေးချမ်းကြည်နှုး ရပါတယ်။
    ယောဂီသူတော်စင်တို့ရဲ့ အေးမြတဲ့ တရားသံတွေကို နားဆင်လိုက်ရသလိုပါပဲ။ လောကရဲ့ အေးချမ်းတဲ့ ဒီတရားရိပ်လေးကို အချိန်ရှိမှ အချိန်ရမှ မဟုတ်ပဲ ရတဲ့ အချိန်လေးမှာ အားထုပ်နိုင်တဲ့ ကိုချမ်းလင်းနေ ကိုလည်း လေးစားမိပါတယ်။
    နွယ်လည်း အောင်ဓမ္မရိပ်သာမှာ သင်္ကြန်ရောက်တိုင်း တရားစခန်းဝင်ခဲ့ဘူးတယ်။ အခုတော့ မပြန်ဖြစ်တော့ဘူး။ ရသလောက်ပဲ အားထုပ်နိုင်အောင် ကြိုးစားနေပါတယ်။

    တရားအားထုပ်တဲ့ အချိန်မှာ ရရှိတဲ့ အေးချမ်းမှုမျိုးကို တသက်လုံးရရှိနိုင်ပါစေနော်။ ကိုချမ်းလင်းနေ ပြုခဲ့တဲ့ ကုသိုလ်တွေကို အခုလို မျှဝေပေးလို့ ထပ်တူ ညီတူ
    "သာဓု သာဓု သာဓု" ခေါ်ဆိုသွားပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  21. လှပတဲ့ နံနက်ခင်းမှာ တရားသံကိုကြားရနာရတာ
    အရမ်းကို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါတယ်
    အစ်ကို ရေ . . . ခုလို အစ်ကိုကြားခဲ့  နာခဲ့ သိခဲ့ တာလေး
    တွေကိုပြန်ဝေမျှပေးတာ ကျေးဇူးပါ . . .

    ReplyDelete
  22. သာဓုပါဗျာ...
    ခဏပြန်တဲ့အခိုက် သံသရာအတွက် တခုခု ကျန်အောင် ယူလာနိုင်တယ်..

    (ဒါကြောင့် ဦးရီးပြောင်ပြောင်နဲ့ လူတယောက် တွေ့လိုက်ပါတယ် ထင်နေတား)

းဝ)

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...