Friday, November 13, 2009

စိတ်ဖြေဆေး

လူတိုင်းလူတိုင်းစိတ်ရှုပ်လာရင်၊ စိတ်ညစ်လာရင် ဘာတွေလုပ်ကြလဲ။ တချို့တချို့က သီချင်းတွေ အော်ဆိုပစ်တယ်။တချို့ကျ အိပ်ဆေးသောက်အိပ်ပစ်တယ်။ တချို.ကအရက်သောက်တယ်။တချို့က အပင်စိုက်တယ်။တချို့ကအော်ငိုတယ်။ လူတွေအားလုံးဟာ စိတ်ပြေစေဖို့တခုအတွက်နဲ့ ကိုယ့်စိတ်ထင်ရာ၊ ကိုယ်စိတ်ပြေရာလုပ်တတ်ကြတယ်။

ခင်ဗျားရော စိတ်ညစ်ရင်ဘာတွေလုပ်လဲ။ကျွန်တော်လား။အင်းငယ်ငယ်ကတော့ အိမ်မှာရေထဲတဲ့ ရာဝင်အိုးထဲခေါင်းစိုက်ပြီး စိတ်ရှိလက်ရှိ အော်ပြစ်တယ်။အခုတော့ အဲဒီအိုးတွေလဲ ကွဲသွားပါပြီ။အသံပြာကြီးရဲ့အော်သံတွေ မခံနိုင်လို့။ အတော်ကြီးတော့ အရက်သောက်ကြည့်တယ်။အတော်အတန်လဲ သောက်ခဲ့ပါတယ်။ကိုယ့်စိတ်ကြောင့် လဲပါတယ်။ ကောင်းတယ်လို့ စိတ်မှာထင်မိလို့ပါ။စိတ်ပြေမယ်ထင်တဲ့ အယူကြောင့်လဲပါပါတယ်။အခုတော့ အလိုနေရင်းပြတ်သွားတယ်။ သောက်ချင်စိတ်သိပ်လဲ မရှိတော့လို့ပါ။မယုံဘူးဆိုလဲ စာဆက်ဖတ်ရအောင် လောလောဆယ် ယုံပေးထားပါ။


ကျွန်တော်ရဲ့ညီအစ်ကိုလို အရမ်းရင်းရတဲ့ သူငယ်ချင်းကတော့ သူစိတ်ညစ်လာရင် ဘုရားစင်ရှေထိုင်ပြီး တရားထိုင်တယ်။သူက စိတ်ညစ်ရင်မှ မဟုတ်ပါဘူး။နေ့စဉ်တရား ထိုင်တာပါ။ကျွန်တော်အနေနဲ့ သူရဲ့အခြေအနေကို အမြဲလေ့လာကြည်တယ်။ကျွန်တော် သူနဲ့စသိထဲက သူဆီမှာ ဒေါသထွက်တယ်ဆိုတာ မမြင်သလောက်ပဲ။ သူမိသားစုတွေလဲ ဒီလိုပဲ။သူတို့စိတ်ငြိမ်းချမ်းပြီး စိတ်ညစ်ဖူးတာမတွေ့သလောက်ပါပဲ။ သူက ကျွန်တော်ကိုတွေ့တိုင်း တရားထိုင်ဖို့ပဲ အမြဲတိုက်တွန်းပါတယ်။အခုအချိန်ထိပါ။ ကျွန်တော်ငယ်ငယ်က တရားထိုင်ဖိုဆိုတာဝေလာဝေး။ ဘာသာရေးဆိုတာ ဘုရားရှိခိုးတာကလွဲရင် ဘာမှမသိ။

ငယ်ငယ်က အိမ်မှာတော့ ကျွန်တော်မေမေက တရားအမြဲထိုင်တယ်။ ကျွန်တော်တို့ညီအစ်ကိုကိုလည်း တရားထိုင်ခိုင်းပါတယ်။အဲဒီတုန်းက မေမေက တရားထိုင်ခြင်းအကျိုး၊ ဘာကြောင့်တရားထိုင်ရတယ် ဆိုတာတွေကိုပြောပြဘူးတယ်။မေမေက အဘိဓမ္မာအောင် ထားတယ်လေ။ ကျွန်တော်က အဲဒီတုန်းက ကလေးအရွယ် စထိုင်ကာစဆိုတော့ တရားထိုင်တယ်ဆိုပေမယ့် မှတ်တဲ့အသိကြာကြာ မထိန်းနိုင်ပါဘူး။ စိတ်တွေက ဟိုရောက်ဒီရောက် လျှောက်ပြန့်လွှင့်နေတာပဲ။တရားထိုင်ဖို့မပြောနဲ့ ထိုင်ချင်တဲ့စိတ်ကလေးဖြစ်အောင်ကို အတော်အားယူရပါတယ်။ဆော့မယ်၊ကစားမယ် ဆိုတဲ့စိတ်ကပဲသန်နေတာ။

ဒါပေမယ့်ဗျ အဲဒီတုန်းက ငယ်တဲ့အရွယ်လဲဖြစ်၊ အကုသိုလ်တွေကလဲ နည်းဆိုတော့ကာ ဝေဒနာဆိုတာ သိပ်မဖြစ်ပေါ်ဘူး။တခါတလေ စိတ်ဝင်တစား မှတ်အားကောင်းတယ်ဆိုရင် အကြာကြီးကိုထိုင်နိုင်တယ်ဗျ။ အခုတော့ လူလောကရဲ့အမှောင်နောက် ကောက်ကောက်ပါနေတာကြောင့်ရယ်၊ လောဘတွေ၊ ဒေါသတွေ၊ စိတ်ညစ်တာတွေ ကြောင့် တရားမှတ်ရင် ဝေဒနာတွေပိုပေါ်ပါတယ်။

ကျွန်တော်ရဲ့တရားပြဆရာတစ်ဦးကို ဒီအကြောင်းလျှောက်တော့ ဆရာက လူလောကကြီးရဲ့ အတွင်းဘက်ရောက်ရောက်လာလေ၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေများလာလေလေပဲ။ ဒါကြောင့် တရားထိုင်တဲ့အခါ ဝေဒနာတွေကတိုးတိုးလာတာတဲ့။ဒါတွေကိုပဲ ဆက်ရှုတဲ့။ဒါကတရားထိုင်တုန်း ခဏဗျ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တရားထိုင်ခြင်းဖြင့် အရင်ကဒေါသ အရမ်းကြီးခဲ့တဲ့ ကျွန်တော်ဟာ အတော်အတန်ကို ထိန်းနိုင်လာပါတယ်။အလုပ်ဆိုရင်လည်း အတော်အတန်ကိုချောမွေ့ပါတယ်။အတိုက်အခံလဲ နည်းလာပါတယ်။ စိတ်ညစ်တယ်ဆိုတာ မရှိသလောက်ပါ။ စိတ်ညစ်တာမရှိတော့ဘူးလို့ ဆိုတာမဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ့လည်း သိပ်တုန်လှုပ်မှုမရှိတာပါ။

စိတ်ညစ်လာတယ်၊ စိတ်ရှုပ်စရာ ကြုံလာပြီဆိုရင် ဘုရားကိုစိတ်ဝယ်မှန်းပြီး ရသမျှ ဘုရားစာထိုင်ရွတ်ပါတယ်။ တရားထိုင်ချင်တဲ့စိတ် လက်တလောမရှိသေးဘူး ဆိုရင်တောင် ဒီလို ဘုရားစာရွတ်ဖတ်တာဟာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ စိတ်ဝေဒနာတွေ သက်သာဖို့ ကုစားလိုက်သလိုပါပဲ။ စိတ်ငြိမ်လောက်ပြီလို့ထင်တော့မှ တရားထိုင်ပါတယ်။ဘာဖြစ်လို့ စိတ်ညစ်နေတုန်း စစခြင်းတရားမထိုင်တာလဲဆိုရင် တရားထိုင်နေစဉ် ရှုမှတ်တဲ့စိတ်အပေါ်အာရုဏ်မရောက်ပဲ စိတ်တွေက မူလညစ်နေတဲ့အကြောင်းအရာတွေဆီကိုပဲ ထပ်တဝဲဝဲရောက်သွားလို့ပါ။ကျွန်တော့်ရဲ စိတ်တည်မှုအာရုဏ်နုသေးလို့လဲဖြစ်ပါတယ်။ကြာရှည်စွာ တရားထိုင်ဖူးတဲ့သူတွေ ဆိုရင်တော့ ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။

အဲဒီလို တရားထိုင်ရှုမှတ်လိုက်တော့ ညစ်နေတဲ့စိတ်တွေပြေပြောက်ပြီး ပင်ကိုမူလစိတ်အဆင်လေးဟာ အမြဲတစေကြည်လင်လာပါတယ်။ တရားထိုင်လိုက်ခြင်းဖြင့် ကျွန်တော်ဆိုရင် ယခင်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် မိရိုးဖလာကိုးကွယ်သလိုပဲရှိခဲ့တာ (နက်နဲမှုမရှိခဲ့သလိုပါ။ အခုကျွန်တော်ဆိုရင် ဗုဒ္ဓဘုရားဟာ အတုမရှိသောဘုရားရှင်ဖြစ်ပြီး မိမိကိုယ်တိုင် ဗုဒ္ဓဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်လာပါတယ်။ အရာရာစဉ်းစားချင့်ချိန်လာနိုင်တယ်လို့ ကိုယ်ကိုယ်ယုံကြည်လာတယ်။

ကျွန်တော်လေ့လာဖူးသလောက်ဆို တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာတစ်ခုထဲရှိတာမဟုတ်ပါဘူး။ ခရစ်ယာန်သာသနာမှာရော(အထူးကဖြင့် ရိုမန်ကတ်သလစ်မှာပါ)၊ မူစလင်ဘာသာရော(ဒူဘိုင်းနိုင်ငံသား မူစလင်ဘာသာရေးဆရာတစ်ယောက်ဆီက သိတာပါ။သူက ဗုဒ္ဓဘာသာတရားထိုင်နည်းနဲ. ယောဂအကြောင်းလာဆွေးနွေးလိုပါ။) သူ့နည်းသူဟန်နဲ့ရှိကြပါတယ်။

တကယ်တမ်း တရားထိုင်တယ်ဆိုတာ စိတ်ကို လေ့ကျင့်ပေးတာပါ။ဘုရားစတင်ကျင့်ကြံခဲ့တာ အာနာပါနပေါ့။ တကယ်ဆိုအာနာပါနဆိုတာ ဟိန္ဒူယောဂကျင့်စဉ်တစ်မျိုးပါ။ ကျွန်တော်ဆိုလိုချင်တာက တရားထိုင်တယ်ဆိုတာ အရမ်းကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ စပြီးထိုင်မယ်ဆိုရင်တော့ (အကြံပေးတာပါ။မိမိသင့်တော်သလို ထိုင်လို့ရပါတယ်။) ဝင်လေထွက်လေဆိုတဲ့ အာနာပါနက စရင်ကောင်းမယ်လို့ထင်ပါတယ်။ ထင်တယ်လို့ဆိုရခြင်းကတရားထိုင်သက်နုတဲ့ကျွန်တော့်အနေနဲ့ကောင်းမယ်လို့ထင်တယ့် နည်းတွေအများကြီးထဲက ကျွန်တော်စထိုင်တဲ့နည်းလေးမို့ အကြံပေးတာပါ။ မိမိသန်ရာသန်ရာကိုရှုပါ။ နောက်မှတ်အားကောင်းလာပြီဆိုမှ ဝိပဿနာနည်းလမ်းကိုရှုပါ။ တဆင့်ခြင်း တက်လှမ်းတဲ့သဘောပါ။

တရားထိုင်ခြင်းရဲ့နောက်ဆုံးပန်းတိုင် ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ပါ။ကျွန်တော်ကတော့ အခုလောလောဆည် စိတ်ညစ်တာတွေပြေအောင် ဆွေးနွေးအကြံပေးတာမို့လို့ တရားထိုင်ဖို့ သက်သက်သာရည်ရွယ်ပြီး ရေးရတာပါ။ကျွန်တော်တို့က ဗုဒ္ဓသာသနာမြေနဲ့ ဝေးရာတွေမှာ အလုပ်လုပ်နေရသူတွေဆိုတော့ ဘာသာရေးနှိုးဆော်မှုလေးတွေရှိမှ ဘုရားရှိခိုး၊ တရားထိုင်တာလေးတွေလုပ်ဖြစ်ကြမှာမို့ပါ။

ကိုယ့်အရပ်ကိုယ့်ဒေသမှာဆိုရင် ဘုရားသွားကျောင်းတက်ရင်း ဆရာတော်တွေ ဟောကြားတဲ့တရားတော်တွေကို နာကြားရင်း ဘာသာရေးနဲ့ အဆက်မပြတ်သိပ် မရှိလှပါဘူး။ ဒီလိုနိုင်ငံရပ်ခြားမှာဆိုရင် တခါတလေ တရားခွေလေး ဘာလေးနာချင်ရင်တောင်မှ ကိုယ်အနီးနားက အခြားဘာသာခြားတွေကို အားနာနေရသေးတယ်။ နားကြပ်တပ်ပြီးနာရ၊ MP3စက်ကလေးတွေထဲ ထည့်နာရနဲ့အဆင်ပြေသလို ဘာသာရေးတွေ လုပ်နေကြရတာပါ။ဘုရားစာရွတ်ရင်၊ ဘုရားရှိခိုးရင်လဲ ပတ်ဝန်းကျင်အခြေအနေကောင်းမှ ရွတ်ရ၊ရှိခိုးရတာ။ ဒီလိုရေးတာ အဆင်မပြေသူတဲ့တွေ သိကြမှာပါ။ဗုဒ္ဓဘာသာဝင် အချင်းချင်းနေတယ်ဆိုရင်တော့ တမျိုးပေါ့။ဒါတောင် ဘာသာရေးလုပ်သူတွေပါဦးမှ။

ဘယ်လိုပင် အဆင်မပြေမှုတွေရှိပါစေလေ ကိုယ်ရဲ့စိတ်က ဘာသာရေးကိုဖြစ်အောင်လုပ်မယ်လို့ ရည်သန်ထားရင် ဘယ်အခြေအနေမျိုးမဆိုဖြစ်ပါတယ်။ ဘုရားတောင် အနောင့်အယှက်တွေကြားက ဘုရားဖြစ်ရန်ရည်သန်လို့ ဘုရားပွင့်ခဲ့ပြီးပြီပဲ။ကျွန်တော်တို့လဲ ဘာသာရေးလုပ်မယ်၊ လုပ်ချင်တယ်ဆိုတဲ့ဆန္ဒက တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်မှာ တရားစခန်းရိပ်သာတွေ အတော်များများဖွင့်လှစ်နေပြီဆိုတာ လူအတော်များများသိနေကြပါပြီ။

ကျွန်တော်ပြောချင်တာက တရားထိုင်တာကို သိပြီး တရားထိုင်ဖို့မေ့နေတဲ့ မိတ်ဆွေတွေအတွက်ရော၊ မသိသေးတဲ့သူတွေအတွက်ရော “အသိ၊ သတိ” ရစေချင်ပါတယ်။ စိတ်ညစ်ရုံနဲ့ တရားထိုင်ဖို့သာမက ရတဲ့အချိန်တိုင်း၊ ရသမျှအခွင့်အရေးတိုင်း တရားထိုင်ပေးကြပါ။အခုဆို ဆရာတော်အတော်များများကလည်း တရားထိုင်ဖို့ စာတွေရေး၊ တရားတွေဟောပြီး လှုံဆော်ထားကြပါတယ်။ကျွန်တော်ကလည်း ကုသိုလ်တရပ်အနေနဲ့ ဆွေးနွေးတာပါ။မိတ်ဆွေအပေါင်း တရားထိုင်ဖို့ သတိရသွားသူတွေရော၊ အသိရသွားသူတွေ ဖြစ်လာအောင် ကုသိုလ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။

ဆက်လက်ကြိုးစားပါဦးမည်။

13 comments :

  1. စိတ်၏ဖြေရာစိတ်ဖြေဆေးကိုလာဖတ်ပါတယ်။
    ကျွန်မနေတဲ့ဆီမှာဘုရားကျောင်းကန်စေတီပုထိုး
    ဝေးလို့ဘုန်းကြီးကျောင်းနဲ့ဘုန်းဘုန်းတောင်မရှိပါ။
    မြန်မာပြည်မှာတုန်းကဟုတ်တိပတ်တိတရားမထိုင်ဘူးပါ။
့ဒီရောက်မှစာအုပ်တွေဖတ်ပြီးစမ်းတ၀ါးဝါးတရားထိုင်ဖို့
    ကြိုးစားနေသူမို့ဒီအခြေခံလေးတွေကကျွန်မအတွက်
    တန်ဖိုးရှိပါတယ်။ကျေးဇုးပါ။

    ReplyDelete
  2. ကိုချမ်းရေ
    စိတ်တိုလာရင် စိတ်ဖြေရာရဖို့က
    တရားမှတ် စိတ်ငြိမ်အောင်ထား...
    ဒေါသစိတ်ကို ဖျောက်...
    အာရုံကိုပြောင်း...
    ပြေရာပြေကြောင်းစဉ်းစား...
    စိတ်အေးသွားမှ လုပ်သင့်တာလုပ်...
    အဲဒါအကောင်းဆုံးပါပဲ...
    တရားထိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

    နှင်း

    ReplyDelete
  3. တရားမှတ်နည်းကတော့ အကောင်းဆုံး စိတ်ဖြေဆေးပေါ့

    ReplyDelete
  4. အရမ်းကောင်းတဲ့ အကြံပြုချက်လေးပါ...
    လိုက်နာကျင့်သုံးကြည့်ပါမယ်ခင်ဗျာ...

    လေးစားလျက်

    ReplyDelete
  5. ကိုချမ်းရေ..
    ပြန်ရောက်နေပြီလား.. ပြန်သွားကတည်းက မပေါ်လာလို့လေ .. စိတ်ဖြေဆေးလာဖတ်တာ .. ကျေးဇူး .. ခုတလော .. စိတ်ဖြေဖို့ လိုအပ်နေတာနဲ့ အတော်ပဲ ... ခက်တာက တစ်ခါတစ်လေ သိသိနဲ့ ပေနေတဲ့ စိတ်ကလေးပဲ ...

    ReplyDelete
  6. အကိုချမ်းလင်းနေရေ တရားထိုင်တယ်ဆိုတာ သိပ်စိတ်အေးချမ်းပါတယ် ရန်ကုန်မှာတုန်းက နှစ်နှစ်ဆက်တိုက် လယ်တီ သန်လျင်မှာ သင်္ကြန်တွင်း တရားထိုင်ဖူးပါရဲ့ စိတ်တည်ငြိမ်မှုရခဲ့ပါတယ်
    ဒါပေမဲ့ နောက်ပိုင်းတော့ လက်တွေ့မရှိတော့ပဲ အခုတော့ ဘုရားတောင် ဦးသုံးကြိမ် မနည်းချပီး အပူတောထဲ အရှုပ်တွေချည်း လုပ်နေမိတော့တယ် :(

    ReplyDelete
  7. စိတ်ညစ်တဲ့ အချိန်မှာ တစ်ချို့ တစ်ချို့ အပျော်အပါး အသောက်အစား ဘက် ရောက်မသွားပဲ ဘုရား တရားနဲ့ နေတာ အကောင်းဆုံးသော စိတ်ဖြေဆေးပါ...

    ReplyDelete
  8. ဟုတ်တယ်အစ်ကို
    ဒီစိတ်ဖြေဆေးကအရမ်းကောင်းတယ်။
    မြန်မာပြည်မှာတုန်းကတော့
    မကြာခဏထိုင်ဖြစ်ပေမယ့်
    ဒီမှာတော့ ဘုရားဝေး တရားဝေးဖြစ်နေတယ်။
    စိတ်ညစ်တဲ့အခါ စိတ်ဆင်းရဲတဲ့ခါမှသာ
    ဘုရားတရားကိုသတိရတော့တယ်လေ။

    ReplyDelete
  9. ဟုတ်တယ် အစ်ကို တရားနာခြင်း အကျိုးကျေးဇူးက
    တော်တော်လေးထိရောက်တယ် ဗျ . . . စိတ်ကိုတည်
    ငြိမ်စေတယ် . . . ထူးထူးခြားခြား အကျိုးကျေးဇူးရှိတာ
    တော့အမှန်ပါဘဲ ဗျာ . . .

    ReplyDelete
  10. အေးချမ်းနေတဲ့ စိတ်က
    တည်ငြိမ်နေမှာပဲနော်..
    ပြီးတော့ သတိ အမြဲ ကပ်နေမှာပဲ..
    တရားထိုင်တာ ကောင်းပါတယ်ခင်ဗျာ..
    ပျော်ပါစေ

    ReplyDelete
  11. တရားထိုင်တာက အကောင်းဆုံးပါ့ပဲ။ ဒီရောက်ပြီးကတည်းက တရားထိုင် မထိုင်ဖြစ်တော့ဘူး ကိုချမ်းရေ။။ စိတ်ဆိုးလာရင်တော့ စာရွက်တွေ ထိုင်ဇြဲနေလိုက်တယ်။ :)

    ReplyDelete
  12. ခန္ဓာကိုယ်ကြီးတည်မြဲဖို့ စိတ်က အဓိကဆိုတာကို တနေ့က ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ဂိုးသမားအကြောင်း ကြားပြီးမှ ပိုပြီး နက်နက်နဲနဲ ခံစားတတ်လာတယ် ကိုချမ်းရေ...

    တရားထိုင်တာ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းတဲ့ နည်းတခုမို့ ကျင့်ကြံနိုင်ရင် အကျိုးမယုတ်ပါဘူး...

    အခုလိုမျှဝေတာ တကယ်မွန်မြတ်တာမို့ ချီးကျူးပါရဲ့ဗျာ...

းဝ)

    ReplyDelete
  13. တခါတလေမှ စိတ်ညစ်နေရင် ဘာလုပ်ရမှန်းမသိ ဖြစ်ဘူးပါတယ်။ ဒေါသစိတ်ကို ပြေအောင် ဖြေဖျောက်ရတာ ခံရခက်တဲ့ ဝေဒနာ တခုပါပဲ။ အကိုပြောသလို တရားလေးမှတ်ရင် စိတ်ကိုအာရုံပြောင်း နိုင်အောင် ကြိုးစားလေ့ကျင့်ပါ့မယ်။
    တချို့သောသူတွေဟာ စိတ်ညစ်ရင် လမ်းမှားကို ရောက်တတ်ပါတယ်။ အခုလို စိတ်ကိုဖြေသိမ့်နိုင်မယ့် နည်းလမ်းလေးကို ညွှန်ပြပေးလို့ ကျေးဇူးတင်ပါတယ် အကို။

    ခင်မင်လေးစားလျှက်

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...