Sunday, July 5, 2009

Idler Habit


<<<<< ငပျင်းအကျင့် >>>>>>

ကြိုးစားရင်
ဒိုးပြားတောင် လှိမ့်လို့ရမယ်
မပျက်ရယ်ချင်ပါဘူး
ငါ့ အသက်တွေ ခြစားကုန်ပြီ။
အားမငယ်ပါနဲ့
ဆိုမယ်သာဆိုရတယ်
လက်တွေကြတော့
ဓာတ်ပြားသီချင်းလို မှိုတက်ကုန်ပြီ။
သံမှိုနှက်သလို
စွဲမြဲနေတဲ့ဘ၀တွေကို
ဘာလို့များ
သံချေးချွတ်သလို ချွတ်ချင်တာတုန်း။
ပတ်ဝန်းကျင် သရော်လည်း
စိတ်နေဘုံဖျား
လူနေချုံကြားမှာပါ။
အ၀ိစိကတောင်ပြောတယ်
လက်မှတ်ကုန်နေလို့..................တဲ့။

4 comments :

  1. မှန်လိုက်တာ အကိုရာ...
    ရေးချက် ကောင်းတယ်ဗျို.

    ReplyDelete
  2. ပျင်းတဲ့ကဗျာဖတ်ရင်းပျင်းသွားပြီဗျို့။

    ReplyDelete
  3. အနော် မပျင်းပါဘူး။ဟဲဟဲ <3

    ReplyDelete
  4. ဒီကဗျာကိုကြိုက်တယ်ဗျ
    ကောင်းတယ်

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...