Wednesday, June 24, 2009

LANVisor အသုံးပြုနည်း

Internet တပ်ဆင်ထားသော ရုံးများတွင် Computer ဖြင့် အလုပ်လုပ်သူများ ၊ စာသင်ခန်းများ တွင် Computer သုံးရသူများ အပြင် Internet Cafe များတွင် Computer သုံးစွဲသူများသတိထားရန်…
…မိမိသုံးစွဲနေသော Computer ပါဝင်သည့် Local Network (ဥပမာ…ရုံး၊ စာသင်ခန်း၊ Internet Cafe) အတွင်း၌ Computer အားလုံးကို Control လုပ်နိုင်သော Main Server Computer တစ်လုံးပါဝင်နိုင်ပါသည်။ ၄င်း Main Computer မှ အခြားသော Computer များကို မြင်နိုင်၊ ကြည့်နိုင်သော လွယ်လွယ်ကူကူ Software များရှိပါသည်။ထိုအထဲမှ ကျွန်တော်သုံးဖူးသောနည်းကို ဖော်ပြပေးထားပါသည်။ ထိုနည်းအသုံးပြုရန် တစ်ခြား Computers များ၏ Computer Name သို့မဟုတ် Local IP address ကိုသိရန်လိုသည်။ ကျွန်တော်အတွေ့အကြုံအရ IP address နှင့် အသုံးပြုတာ ပိုအဆင်ပြေပါသည်။ Local IP address ကို သိနိုင်ရန်အတွက် ကျွန်တော် Blog တွင်ဖော်ပြထားသော Network Magic Software ကို သုံးနိုင်ပါသည်။ ထို့ကြောင့် Network Magic အရင် Install လုပ်ထားဖို့လိုအပ်ပါသည်။…
…တစ်ခြား Computers များကို ကြည့်မြင်နိုင်တဲ့ Softwares တွေထဲမှ တစ်မျိုး ကတော့ LANVisor ဖြစ်ပါသည်။
Software Download Link(ဒီနေရာမှာကလစ်နှိပ်ပါ)



…Zip သို့ Exe file ကို Download လုပ်ပြီး Install လုပ်ရပါမည်။ Install လုပ်ရာတွင် Client နှင့် Server နှစ်မျိုး ရှိပါသည်။ Main Server Computer ဖြစ်သော မိမိ Computer တွင် Server ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။

…တစ်ခြား Computers များတွင် Client ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။


…Client Computers များတွင် LANVisor Install ကို မမြင်ရအောင် အောက်ပါအတိုင်း Hide လုပ်ပြီး Install လုပ်၍ Application ကို Run ပါ။ တစ်ခြား Client Computers များတွင် လည်း ထိုအတိုင်း ဆက်လုပ်ပေးပါ။


…ပြီးလျင် မိမိ၏ Server Computer မှ Install လုပ်ထားသော Network Magic ဖွင့်ကြည့်၍ တစ်ခြား Computers များ၏ Local IP address များကို မှတ်သားထားရပါမည်။ ထို့နောက် Install လုပ်ပြီးသွားသော LANVisor ကိုဖွင့်ကြည့်လျင် အောက်ပါပုံမျိုးကိုတွေ့ရပါမည်။


…ထို LANVisor window ၏ Menu Bar မှ Setting ၊ ထိုမှတဆင့် Client Manger ကိုသွားလျင် အောက်ပါပုံကိုတွေ့ရပါမည်။


…ထို window မှတဆင့် Add လုပ်လျင် အောက်ပါပုံအတိုင်း တက်လာပါမည်။


…ထို Add new client တွင် Computer name မရွေးပဲ IP address ကို Select လုပ်၍ Network Magic ဖြင့်တွေ့မြင်ရသော တစ်ခြား Client Computers များ၏ IP address များကို ရိုက်ထည့်ပေးရပါမည်။ ပြီးလျင် Add လုပ်ရပါမည်။ Computer တစ်လုံးစီ လုပ်ပေးရမည်ဖြစ်ပြီး နောက်ဆုံး OK ကို Click လုပ်လိုက်လျင် အောက်ပါပုံကိုတွေ့မြင်ရပါမည်။


…ထို့နောက် Play သင်္ကေတဖြစ်သော Start Client ပဲဖြစ်ဖြစ် Start All Client ပဲဖြစ်ဖြစ် Click လုပ်လိုက်လျင် တစ်ခြား Computers များ မည်သို့လုပ်နေလဲ၊ မည်သည့် Website များကြည့်နေလဲ ဆိုတာတွေ့မြင်ရပြီဖြစ်ပါသည်။


…Computer တစ်လုံးစီကို Full Screen ကြည့်ရန်သော်လည်းကောင်း၊ Screen Shot လုပ်ရန်သော်လည်းကောင်း Right Click လုပ်၍ ကြည့်နိုင်ပါသည်။
…ဒီ LANVisor Software ကို ရုံး၊ ကျောင်း စသည်များတွင် Network Computers သုံးရသူများ သတိထားသုံး၍ ရအောင်ဖော်ပြပေးလိုက်ပါသည်။

2 comments :

  1. ဒီပို့စ်ကို ဘာဖောင့်နဲ့ ရေးထားတာလဲ မသိဘူးနော်.. ရှင်းရှင်းလင်းလင်း ဖတ်မရပါဘူး ဖြစ်နိုင်ရင် ဇော်ဂျီနဲ့ ပြန်ပြောင်း ရိုက်ပေးပါလားးး :)

    ReplyDelete
  2. အေးဗျာ..စိတ်ဝင်စားတယ်..အကိုနဲ့ ကျွန်တော် ၀ါသနာ လာတူနေတယ်။ အဟီ.. ကွန်ပြူတာ ကိုကလိတဲ့ နေရာမှာ ပြောတာပါ..

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...