Wednesday, May 7, 2008

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့နဲ့ မြန်မာပြည်အနှံ့မှာ လျှပ်စစ်မီးနဲ့ဆက်သွယ်ရေး ပြတ်တောက်သွား

နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊


နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့တွင်းမှ အပျက်အစီးများကို တွေ့မြင်ရပုံ။
နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊
ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီးဖြစ်ပေါ်လာခဲ့ပြီး အချင်းဝက် မိုင် ၁၅၀ ရှိတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ တချိန်မှာတနာရီ မိုင် ၁၂၀ နှုန်းအထိ ပြင်းထန်ခဲ့ပါတယ်။ မုန်တိုင်းကြီးရဲ့ ဒဏ်ကြောင့် သစ်ပင်တွေလဲကျ၊ အဆောက်အဦး ခေါင်မိုးတွေ လွင့်လန်ပြီး လျှပ်စစ် ဓါတ်အားလည်း ပြတ်တောက်သွားပါတယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေလည်း နာရီအတန်ကြာ ရပ်ဆိုင်းသွားခဲ့ ပါတယ်။ ကွန်ပျူတာ အင်တာနက်လိုင်းလည်း အစိုးရဌာနတွေမှာတောင် သုံးလို့မရပဲ ဖြစ်သွားခဲ့ ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ရေလျှံနေတဲ့အတွက် ဘတ်စကားနဲ့ ရထားတွေ အသွားအလာ ရပ်ဆိုင်း သွားပြီး၊ လေယာဉ်တွေကိုလည်း ရန်ကုန်လေဆိပ်ကို အဆင်းမခံပဲ မန္တလေးလေဆိပ်ကို ပို့နေပါတယ်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံ့မိုးရွာပြီး ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေ၀သ ဌာနက ဆိုပါတယ်။ အခုလောလောဆယ် တိုင်းနဲ့ပြည်နယ် ၅ ခုကို သဘာဝ ဘေးဒဏ်ခံဒေသတွေ အဖြစ်သတ်မှတ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။
မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးပမာဏ အတော်ကိုကြီးမားဖွယ်ရှိပြီး လျှပ်စစ်ဓါတ်အား၊ ဆက်သွယ်ရေးနဲ့ အပျက်အစီးတွေကို ပြန်လည်ပြင်ဆင်ဖို့ ရက်အတော်အတန် ကြန့်ကြာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မုန်တိုင်းကြောင့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို စစ်အစိုးရက ရွှေ့ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားသိရပါတယ်။

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...